မော်ဒယ်မေရတီဇော်ရဲ့ ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းနဲ့ ခန္ဓာကိုယ်အချိုးအစားတွေက ပရိသတ်တွေရဲ့ အသဲကို ဖမ်းစားထားတာပဲဖြစ်ပါတယ်။ မေရတီဇော်ကတော့ ဓာတ်ပုံမော်ဒယ်အဖြစ်ရပ်တည်နေသူပဲဖြစ်သလို သူမရဲ့တစ်နေ့တာ လှုပ်ရှားမှုတွေကိုလည်း မျှဝေလေ့ရှိသူဖြစ်ပါတယ်။

အခုမှာလည်းမေရတီဇော်ရဲ့ ဆွဲဆောင်မှုရှိရှိ ဆေးနွားနို့စိမ်နေတဲ့ပုံရိပ်တွေက ပရိသတ်တွေကြားရေပန်းစားနေခဲ့ပြန်ပါတယ်။ မေရတီဇော်က ပန်းရောင်လေမှုတ်သွင်းထားတဲ့အရုပ်ကန်ထဲမှာ ဆော့ရင်း ၊ စာအုပ်ဖတ်ရင်းနဲ့ ဆေးနွားနို့စိမ်နေခဲ့တာပဲဖြစ်ပါတယ်။ ဒီလို စိမ်တာက အသားအရည်လည်းလှတယ်ဆိုတဲ့အကြောင်းကို သူမရဲ့ လူမှုကွန်ရက်မှာ အခုလိုပြောထားတာတွေ့ရပါတယ်။

“အိမ်မှာပဲ ဆော့နေတယ် စာအုပ်ဖတ်ရင်း ဆေးနွားနို့စိမ်တိုင်းအါ့တော့ ငယ်ငယ်ကတုန်းကလေမှုတ်သွင်းထားတဲ့အရုပ်ကန်ထဲမှာဆော့ရတဲ့ ဖီးလ်ပြန်ရတယ်အသားအရည်လည်းလှတယ် စာအုပ်လည်းဖတ်ရတယ် ပျော်တယ်ဝေးးးခုထိဒီလိုတွေဆော့ရတာကြိုက်တုန်းဆိုတော့ စမီးကလေးစိတ်ပဲရှိသေးတာဖြစ်ရမေ” ဆိုတဲ့စာနဲ့အတူ ဆေးနွားနို့စိမ်နေတဲ့ ပုံရိပ်တွေကိုပါ မျှဝေပေးထားတာတွေ့ရပါတယ်။

သူမက အားကစားလိုက်စားသူလည်းဖြစ်လို့ သူမရဲ့ခန္ဓာကိုယ့်က အများနဲ့မတူ အဆီပိုမရှိဘဲ ပိန်သွယ်နေတာပဲဖြစ်ပါတယ်။ ဒီလို ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ့်ကို ပိုင်ဆိုင်ထားရတဲ့သူမရဲ့ပုံရိပ်တွေကြောင့် ပုရိသတွေကလည်း မကြွေဘဲမနေနိုင်ဖြစ်နေကြတာပါ။

source : May Yati Zaw