ပရိသတ်ချစ် မင်းသမီးချော မေမြင့်မိုရ်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကိုရီးယားကနေပြန်ရောက်လာပြီ ဖြစ်ပါတယ်။ ခရီးက ပြန်ရောက်ရောက်ချင်းမှာပဲ ရုပ်ရှင်ဇာတ်ကားတွေကို အဆက်မပြတ်ရိုက်ကူးနေခဲ့ပါတယ်။ သူမကိုတော့ ပရိသတ်တွေက MRTV 4 မှ ထုတ်လွှင့်ပြသတဲ့ “ပန်းနုသွေး” ဇာတ်လမ်းတွဲကနေ စသိခဲ့ကြတာပါ။

မေမြင့်မိုရ်ရဲ့ နောက်ထပ် မြန်မာဇာတ်လမ်းတွဲ “ပုဂံမြို့သူ” ကို ပုဂံမှာ သွားရောက်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ ရိုးရိုးယဉ်ယဉ် ၊ အနေအေးတဲ့ပုံစံလေးတွေက ပရိသတ်တွေရဲ့ရင်ကိုအေးသွားစေပါတယ်။ သူမက အားလပ်ရက်မှာဆိုရင် အချစ်ရဆုံးသားလေးတွေနဲ့ အပြင်ထွက်လည်လေ့ရှိတာကိုလည်း တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး သူမက “အချစ်ဆုံးသားလေးတွေနဲ့ အပြင်လျှောက်လည်” လို့ဆိုပြီး ချစ်စရာသားလေးတွေနဲ့ သူမရဲ့ချစ်စရာပုံရိပ်လေးတွေကိုပါ မျှဝေပေးထားတာပဲဖြစ်ပါတယ်။

source : May Myint Mo