အဆိုတော် Mary က “မင်းနားက ၀ဲတဲ့လိပ်ပြာတွေလောက်တော့ တို့ကဘယ်လှမလဲ”ဆိုတဲ့ သီချင်းနဲ့ ပရိသတ်ကြားမှာ ရေပန်းစားအောင်မြင်ခဲ့သူပဲဖြစ်ပါတယ်။ Mary ရဲ့ သီချင်းဆိုတဲ့ပုံစံက တမှုထူးခြားခဲ့လို့ ပရိသတ်တွေရဲ့ အကြိုက်ဆုံးဖြစ်နေရတာပါ။ Mary ကို သူမရဲ့ ချစ်စရာကောင်းတဲ့အမှုအရာလေးနဲ့ ဆွဲမက်စရာကောင်းတဲ့ သီချင်းဆိုဟန်တွေကြောင့် လူငယ်ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေပါ ချစ်ခင်အားပေးခဲ့ကြပါတယ်။

အခုမှာ လည်း Mary က သူမရိုက်ကူးနေကျ ဓာတ်ပုံတွေနဲ့မတူဘဲ ၊ ချစ်စရာကောင်းတဲ့အမှုအရာတွေကနေ ဆွဲဆောင်မှုရှိတဲ့မိန်းကလေးပုံစံအဖြစ်ပြောင်းလဲ ရိုက်ကူးထားတဲ့ ပုံရိပ်တွေနဲ့ ပရိသတ်တွေရဲ့ အသဲနှလုံးကို ဖမ်းစားလိုက်ပြန်ပါတယ်။

Mary ရဲ့ဓာတ်ပုံတွေက  Myin Kwin Magazine Feb Issue Cover အတွက် ရိုက်ကူးခဲ့တာဖြစ်ပြီး မိတ်ကပ် (Hello ၊ Ma Cho & Ma Khine) ၊ အ၀တ်အစား (Queen Collections) ၊ ဖက်ရှင်အယ်ဒီတာ ( Swannie Dean) ၊ဓာတ်ပုံဆရာ (Aung Kyaw Tun ( Visual design ) တို့က ပါဝင်အားဖြည့်ပေးထားကြပါတယ်။ ဒီပုံလေးတွေကို ကြည့်ပြီးကြတဲ့ ပရိသတ်တွေကတော့ Mary ရဲ့ပုံရိပ်လေးတွေကို ကြွေပြီးရင် ကြွေနေခဲ့ကြပါတယ်။ 

source : Mary