နာမည်ကြီးမင်းသား လူမင်းရဲ့ဇနီးချော ခင်စံပယ်ဦးကတော့ နေရောင်နဲ့အပြိုင်လှသွေးကြွယ်နေခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ လူမင်းကလည်း သူရဲ့ဇနီးချောလေးကို ဓာတ်ပုံလှလှလေးတွေရိုက်ပေးနေခဲ့တာပဲဖြစ်ပါတယ်။ လူမင်းနဲ့ခင်စံပယ်ဦးတို့ဇနီးမောင်နှံကတော့ ချစ်စရာ သမီးတစ်ယောက် ၊ သားတစ်ယောက် နဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုဘ၀ကို ပိုင်ဆိုင်ထားကြပါတယ်။

အခုလည်း ခင်စံပယ်ဦးက ခင်ပွန်းဖြစ်သူ ရိုက်ပေးထားတဲ့ သူမရဲ့ တစ်ကိုယ်တည်းပုံရိပ်တွေကို ထုတ်ကြွားလိုက်ပါတယ်။ ပရိသတ်တွေကလည်း သဘာဝရှုခင်းအလှအပတွေနဲ့ နေရောင်အောက်မှာ လှသွေးကြွယ်နေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို သဘောကျနှစ်သက်နေခဲ့ကြပါတယ်။ ခင်ပွန်းဖြစ်သူ လူမင်းကလည်း သရုပ်ဆောင် ပီပြင်ရုံတင်မက ဓာတ်ပုံကိုပါ ကောင်းကောင်း ရိုက်တတ်တဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

လူမင်းတို့မိသားစုကတော့ ပွဲတွေတက်ရတဲ့အခါတိုင်းမှာ ဆင်တူလေးတွေ ၀တ်လာတတ်သလို အများကသဘောကျရတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။ ကလေးနှစ်ယောက် အမေလို့ မထင်ရအောင်လှနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

source : Ayarwady Lumin