မင်းသမီးချော ခင်လေးနွယ်က အနုပညာအလုပ်တွေမှာ အလှမ်းဝေးသွားခဲ့ပေမယ့် သီချင်း MTV တချို့မှာတော့ သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ အနုပညာအလုပ်တွေနဲ့ သိပ်မနီးစပ်တော့တဲ့ သူမက ကိုယ့်ပိုင်စီးပွားရေးတစ်ခုလုပ်နေတာဖြစ်လို့ အနုပညာအလုပ်တွေကို သိပ်မလုပ်ဖြစ်တော့တာလို့ ဆိုပါတယ်။

ခင်လေးနွယ်က ကိုယ့်ပိုင်စီးပွားရေးဖြစ်တဲ့ အထည်ဆိုင်လေးကို ဦးစီးရင်း ဒီဇိုင်နာသင်တန်းကိုလည်း တက်နေတာပဲဖြစ်ပါတယ်။ တူလေး၊ တူမလေးတွေနဲ့ပဲ နေရတာပျော်လို့ လတ်တလောမှာတော့ အိမ်ထောင်ပြုဖို့ကို မစဉ်းစားသေးဘူးလို့ဆိုပါတယ်။ လက်ရှိမှာ တစ်ယောက်တည်းဖြစ်နေပေမယ့် ကိုယ်နဲ့သင့်တော်တဲ့သူတွေ့ရင် အိမ်ထောင်ပြုဖြစ်မှာပါလို့ အင်တာဗျူးတစ်ခုမှ သိရပါတယ်။

သူမရဲ့မြန်မာဝတ်စုံလေးတွေနဲ့ ယဉ်ယဉ်လေး လှနေတဲ့ပုံရိပ်တွေမှာဆိုရင် အသက်သုံးဆယ်အရွယ်လို့တောင် မထင်ရအောင် နုပျိုပြီး လှသွေးကြွယ်နေတာပဲ ဖြစ်ပါတယ်။ ခင်လေးနွယ်ရဲ့ ပရိသတ်တွေအတွက် အလွမ်းပြေပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

source: Khin Lay Nwe