အမြွှာညီအစ်မ ခိုင်သဇင်ယုဝါ နဲ့ ခိုင်သဇင်ငုဝါတို့က မော်ဒယ်လောကမှာ နာမည်ကြီးအောင်မြင်နေကြတဲ့ ညီအစ်မနှစ်ယောက်ပဲဖြစ်ပါတယ်။ သူတို့ညီအစ်မတွေကတော့ အမြွှာဆိုပေမယ့် ရုပ်ချင်းသိပ်မဆင်ကြသလို တစ်ယောက်အလှတစ်မျိုးစီနဲ့ လှနေကြလို့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ပိုင်ဆိုင်ထားရသူတွေပဲဖြစ်ပါတယ်။

အခုဆိုရင် အငယ်မလေး ခိုင်သဇင်ငုဝါကတော့ ချစ်သူနဲ့အတူ ငွေဆောင်ကမ်းခြေမှာ အနားယူအပန်းဖြေနေတယ်လို့ သိရပါတယ်။ သူတို့ချစ်သူနှစ်ယောက်ရဲ့ ချစ်သူသက်တမ်းကတော့ (၂)လပြည့်ရုံလေးပဲ ရှိသေးပေမယ့် တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာနေကြတာ ပရိသတ်တွေ အားကျရလောက်အောင်ပါပဲ။

ခိုင်သဇင်ငုဝါက သူမရဲ့ လက်ရှိအချစ်ရေးမှာ အရမ်းကို စိတ်ချမ်းသာနေပါတယ် လို့လည်း ပြောခဲ့ပါသေးတယ်။ သာယာပျော်ရွှင်ရတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားရတဲ့ သူမကတော့ ကမ်းခြေမှာ ချစ်သူနဲ့အတူ အရမ်းကိုပျော်နေခဲ့ပါတယ်။ သူတို့ချစ်သူနှစ်ယောက်ရဲ့ကမ်းခြေရောက် ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

source : Khine Thazin Nguwah