ပရိသတ်အချစ်တော် မင်းသမီးချော ခင်ဝင့်ဝါကတော့ အစိမ်းရောင် မြန်မာဝတ်စုံလေးနဲ့ လှသွေးကြွယ်နေပြန်ပါတယ်။ သူမက လူမှုကွန်ရက်ပေါ်မှာ သူမရဲ့ပုံရိပ်တွေကို အမြဲဆိုသလို မျှဝေလေ့ရှိပြီး ပရိသတ်တွေနဲ့ အဆက်မပြတ်အောင်နေလေ့ရှိသူတစ်ဦးပါ။ သူမရဲ့ ပါးဖောင်းဖောင်းနဲ့ အမှုအရာလေးတွေက ချစ်စရာကောင်းနေလို့ ပရိသတ်တွေကလည်း အချစ်တွေ ပိုနေခဲ့ပြန်ပါတယ်။

ခင်ဝင့်ဝါကတော့ ရုပ်ရှင်၊ ဗီဒီယိုတွေကို အဆက်မပြတ်ရိုက်ကူးနေသလို နယ်ဘက်မှာ ကားရိုက်ရှိရင် ရှိသလို နယ်ခရီးတွေလည်း ထွက်ရလေ့ရှိပါတယ်။ လတ်တလောမှာတော့ သူမက သူမကိုယ်သူမ “ချစ်စဖွယ် မမစိမ်း” လို့ရည်ညွန်းပြီး သစ်ပင်တွေကြား အစိမ်းရောင်မြန်မာဝတ်စုံလေးနဲ့ ရိုးရိုးလေးလှနေတဲ့ ပုံရိပ်တွေကို မျှဝေပေးထားတာတွေ့ရပါတယ်။

source : Khin Wint Wah