ပရိသတ်အသဲကျော်  မင်းသမီးချော ခင်ဝင့်ဝါနဲ့ မေတိုးခိုင်တို့နှစ်ယောက်ကတော့ Lady B Myanmar ရဲ့(၂)နှစ်ပြည့်ပွဲတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ သူတို့နှစ်ယောက်အတူပွဲတက်ခဲ့တဲ့ပုံရိပ်တွေကို “ချစ်သူ နဲ့ Valentine” ဆိုပြီး ခင်ဝင့်ဝါရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ပြန်လည်မျှဝေပေးထားတာတွေ့ရပါတယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်စရာအမှုအရာလေးတွေကြောင့် ပရိသတ်တွေက သူတို့ကို အချစ်တွေ ပိုခဲ့ပြန်ပါတယ်။

မေတိုးခိုင်ရဲ့ အနုပညာလှုပ်ရှားမှုကတော့ ဓာတ်ပုံတွေ၊ မဂ္ဂဇင်းတွေအတွက် ရိုက်ကူးနေခဲ့ပြီး သူမက နောက်ထပ်လင်းလက်လာမယ့် အနုပညာကြယ်ပွင့်လေးဖြစ်ပါတယ်။

ခင်ဝင့်ဝါက အနုပညာလောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပြီး သူမရဲ့ချစ်စရာကောင်းတဲ့ အမှုအရာကြောင့် ပရိသတ်တွေကတော့ သူမကို “ခေး” လို့ ချစ်စနိုးခေါ်ကြပါတယ်။ ခင်ဝင့်ဝါ၀တ်ထားတဲ့ အင်္ကျီလေးနဲ့ အသားရောင်က ဟပ်ပြီး အရမ်းကိုလှနေတာအမှန်ပါပဲ။

source : Khin Wint Wah