ပရိသတ်အသဲကျော် ဆောင်းဝတ်ရည်မေကတော့ MRTV-4 ကနေ ထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ပညာရေးအနေနဲ့တော့ ဆောင်းဝတ်ရည်မေတစ်ယောက် အဝေးသင် ရူပဗေဒတတိယနှစ်ကို ရောက်ရှိနေပြီဖြစ်ပြီး ကျောင်းသွားအပ်ခဲ့တယ်လို့ သိရပါတယ်။

သူမကတော့ ကျောင်းသွားအပ်ရင်း ဓာတ်ဖမ်းခဲ့ပြီး သူမကို လမ်းမှာတွေ့ရင်လည်း ခေါ်ပါ နှုတ်ဆက်ပါ လို့လည်း သူမရဲ့ဖေ့ဘွတ်အကောင့်မှာ ဆိုခဲ့ပါတယ်။ “အဝေးသင် ရူပဗေဒ တတိယနှစ်က မမ တစ်ယောက်ပါ ။ ဒီနေ့ ကျောင်းသွားအပ်တာပါ ။ လမ်းမှာတွေ့ရင် ခေါ်ပါ နှုတ်ဆက်ပါ ရှင့် … snap လေးတွေရော ပဲပေးထားတာတွေရော ပါတယ်” လို့ ရေးသားထားပြီး သူမရဲ့ ရိုးရိုးယဉ်ယဉ် မြန်မာဝတ်စုံလေးနဲ့ဓာတ်ဖမ်းထားတဲ့ ပုံရိပ်တွေကိုပါ မျှဝေပေးထားတာတွေ့ရပါတယ်။

source : Hsaung Wutyee May