ပရိသတ်အချစ်တော် မင်းသမီး အိချောပိုကတော့ လတ်တလောမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်နေခဲ့ပါတယ်။ အိချောပိုကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို တစ်ခဲနက်ပိုင်ဆိုင်ထားရသူဖြစ်သလို အလုပ်ကိုလည်း ကြိုးစားသူဖြစ်ပါတယ်။ အနုပညာအလုပ်ဆိုတာက နေပူမရှောင် ၊ မိုးရွာမရှောင် ၊ နေ့ည မရွေး ပရိသတ်တွေနဲ့ အဆက်မပြတ်ထိတွေ့နိုင်အောင် လုပ်ရတာပဲဖြစ်ပါတယ်။

အိချောပိုကလည်း ပရိသတ်တွေနဲ့ အဆက်မပြတ်ရအောင် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်နေခဲ့ပါတယ်။ ဒီလို အလုပ်တွေရှုပ်နေပေမယ့် အပြုံးချိုချိုလေးနဲ့ အလှမပြတ်တဲ့ သူမက သူမရဲ့ဖေ့ဘွတ်ပေါ်မှာ အခုလိုပြောလာခဲ့ပါတယ်။ “အလှပြန်ပြင်ပြီးလို့ shooting night scene ရိုက်ရန် သွားပါတော့မည်ဖြစ်ကြောင်းးးးးး ” လို့ဆိုခဲ့ပါတယ်။

Night Scene သွားရိုက်တဲ့ သူမကို ချစ်ပရိသတ်တွေက အစစအရာရာ ဂရုစိုက်ဖို့နဲ့ အဆင်ပြေစေဖို့ကို ဆုတောင်းပေးနေခဲ့ကြပါတယ်။ သူမကလည်း သူမကို ချစ်တဲ့ပရိသတ်တွေအတွက် အနုပညာလမ်းကို အကောင်းဆုံးလျှောက်လှမ်းနေခဲ့ပါတယ်။

source : Ei Chaw Po