ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်တစ်ယောက်ကတော့ အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်အမေဖြစ်နေတာတောင် လှနေဆဲ၊ ချောနေဆဲပဲဖြစ်တယ်။ အိန္ဒြာကျော်ဇင်က အနုပညာအလုပ်မှာရော၊ မိခင်တစ်ယောက်တာဝန်ကိုပါ ကျေပွန်သူတစ်ယောက်လည်းဖြစ်တယ်။ ဒါကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်တွေကို အခုချိန်ထိသိမ်းပိုက်ထားနိုင်သူလည်းဖြစ်တယ်။

ပရိသတ်တွေက အိန္ဒြာကျော်ဇင်ကို “ရင်ဘတ်ထဲက ဓား” ရုပ်ရှင်ဇာတ်ကားကြီးအတွက်လည်း အကယ်ဒမီရမယ်ဆိုပြီးမှန်းထားကြပါတယ်။ မကြာမီရုံတင်တော့မယ့် “ကြီးလေးကြီး” ရုပ်ရှင်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

သူမကတော့ အနုပညာအလုပ်တွေကိုလည်း အဆက်မပြတ်လုပ်နေသလို လှလည်း လှနေဆဲပဲလည်း ဖြစ်တယ်။ ပရိသတ်ကြီးအတွက် သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

photo : Eaindra Kz ‘s fb