ပရိသတ်တွေက ပါးချိုင့်မင်းသမီးလို့ ချစ်စနိုးခေါ်လေ့ရှိတဲ့ မင်းသမီးချော အေးမြတ်သူကတော့ သူမရဲ့ ကျက်သရေရှိလှတဲ့မြန်မာဆန်ဆန် အလှတွေကြောင့် နာမည်ကြီးနေသူ ဖြစ်ပါတယ်။ သူမရဲ့အလှကိုလည်း ကြည့်မိသူတိုင်း ရင်အေးသွားစေခဲ့လို့ ပရိသတ်တွေရဲ့ အချစ်တွေ ထပ်တိုးရနေခဲ့သူလည်း ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း သူမက မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိ အေးချမ်းတဲ့အလှတရားတွေနဲ့ ရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်လိုက်ပြန်ပါတယ်။

ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲသွားရင်း ဘုရားပေါ်မှာ ဓာတ်ဖမ်းခဲ့တဲ့ သူမရဲ့ အလှပုံရိပ်လေးတွေကို စာနဲ့အတူမျှဝေပေးထားတာပဲဖြစ်ပါတယ်။ “မနက်က ရုပ်ရှင်ကားကြီး ကန်တော့ပွဲအတွက် ဘုရားသွားရင်း … ရိုက်ခဲ့တဲ့ ပုံလေးတွေပါရှင့်
ချစ်ရဆုံးသော ချစ်သူတွေ နှစ်သက်မယ်လို့ ထင်ပါတယ်ရှင်… ထမိန်လေး က (၂)သောင်းကျော်တန် FGM ချိတ်လေးပါနော် ဈးကြီးတဲ့လွန်းရာကျော်ချိတ်လို့ ထင်နေမှာစိုးလို့ရှင့် …”လို့ ရိုးရိုးလေး ရေးထားပါတယ်။

ဆက်လက်ပြီး သူမက “ပစ္စည်းတခုရဲ့တန်ဖိုးက ဆင်မြန်းသူ၏ တန်ဖိုးထားမှုမှာသာ အနိမ့်အမြင့် ခြားနားသွားတယ်လို့ မမြတ်လေးက မှတ်ယူထားတယ်ရှင့် … ချစ်သူ…… ကျမ ဆီမှာ အဖိုးတန်ပြီးတန်ဖိုးကြီးတာဆိုလို့ ……..ကျမတံဆိပ် ရိုက်နှိပ်ထားတဲ့ နူးညံ့စွာချစ်တက်သော နှလုံးသားတခုနဲ့ အမှန်အမှားကို သေချာစဉ်းစားခွဲခြားနိုင်ဖို့ ကြိုးစားနေတဲ့ ဦးနှောဏ်တစုံသာ ရှိပါတယ်…..” လို့ ရေးသားထားပါတယ်။ အေးမြတ်သူကတော့ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ဓာတ်ပုံ၊ မဂ္ဂဇင်းကြော်ငြာတွေလည်း ရိုက်ကူးနေပြီး ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေတာတွေ့ရပါတယ်။ 

source : Aye Myat Thu