မိန်းကလေးပရိသတ်တွေရဲ့ အသဲကျော် မော်ဒယ် တိုင်ရွန်ကတော့ မော်ဒယ်လောကမှာ ရေပန်းစားသူဖြစ်ပြီး တိုင်ရွန်ကို သီချင်း MTV တွေမှာ ပိုအတွေ့များပါတယ်။ အခုမှာတော့ သရုပ်ဆောင် ယွန်းယွန်းနဲ့အတူ “ရွှေမင်းသမီးနဲ့လူလိမ်”ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ တိုင်ရွန်က သူရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး “စိတ်ချပါ ပရိသတ်တွေ ပေးထားတဲ့နေရာ ပရသတ်သတ်ကျွေးတဲ့ ထမင်းစားနေလို့ ပရိသတ်မကြိုက်တာမလုပ်ဘူး ။ ဘယ်တော့မှ  ရည်းစားထားဖို့လည်းအစီစဉ်ကိုမရှိတာပါ” လို့ပြောထားတာတွေ့ရပါတယ်။ ပရိသတ်ကပေးထားတဲ့နေရာတစ်နေရာကိုယူပြီး ပရိသတ်မကြိုက်တာကို မလုပ်ဘူးလို့ပြောထားတာပဲဖြစ်ပါတယ်။

တစ်ယောက်တည်းသမားဖြစ်နေတဲ့ တိုင်ရွန်ကတော့ “အရွယ်ရောက်နေပြီး အမြှီုးမပေါက်တဲ့မျောက် ဘယ်မျောက်လဲ မေးရင် ဒီမျောက်ဘဲလို့လက်ညှိုးထိုးလိုက် #single ကိုကြီး”ဆိုပြီး သူ တစ်ယောက်တည်းသမားဖြစ်နေကြောင်းကို ပြောသွားခဲ့ပါသေးတယ်။ လူမှုကွန်ရက်ပေါ်မှာ သူရဲ့ပုံရိပ်လေးတွေကို မျှဝေလေ့ရှိသူမို့ သူရဲ့ပုံရိပ်တွေကြောင့် ပရိသတ်တွေကလည်း သဲသဲလူပ် အချစ်တွေပိုနေခဲ့ပါတယ်။ တိုင်ရွန်ပါဝင်သရုပ်ဆောင်ထားတဲ့ “ရွှေမင်းသမီးနဲ့လူလိမ်”ဇာတ်လမ်းတွဲ အမြည်း ဗီဒီယိုဖိုင်လေးကို ပြန်မျှဝေပေးလိုက်ပါတယ်။

ရွှေမင်းသမီးနှင့် လူလိမ် – "ဂင်" အဖြစ် Tyron

ရွှေမင်းသမီးနှင့် လူလိမ် New Trailer – "ဂင်" အဖြစ် Tyron——————————Tyron (အဝင်း) ကို အားပေးတဲ့ ပရိသတ်တွေ အတွက် "ဂင်" အဖြစ် Tyron ပါဝင်သရုပ်ဆောင်ထားတဲ့ ရွှေမင်းသမီး နှင့် လူလိမ် ဇာတ်လမ်းတွဲ Trailer လေးပါလို့။ အားပေးကြပါအုန်းနော် ❤️❤️MWD Documentary Channel တွင် မတ်လ ၂၃ ရက်နေ့မှစ၍ အပတ်စဉ် (သောကြာ၊ စနေ၊ တနင်္ဂနွေနေ့) ညနေ ၇ နာရီ ၄၅ တွင် စတင်ပြမည် ဖြစ်ပါသည်။ဇေယျ၊ ယွန်းယွန်း၊ ရဲမွန်၊ ဆူးခက်မင်း၊ Tyron၊ ဂုဏ်သိက္ခာ၊ အောင်ကိုထူး၊ အေးစန္ဒာကျော်၊ ခင်နှင်းယု၊ အိမြတ်မွန်၊ မြတ်အိနြေ္ဒထက် နှင့် သရုပ်ဆောင်ပေါင်းများစွာဝတ္တု ဇာတ်ညွန်း ဒါရိုက်တာ ချိုဝတ်ရည်Dream Production မှ ရိုက်ကူးတင်ဆက်သည်။

Posted by ရွှေမင်းသမီး နှင့် လူလိမ် on Tuesday, February 20, 2018

source : Tyron Bejay