မိန်းကလေးပရိသတ်တွေရဲ့ အသဲစွဲ ဒိတ်ဒိတ်ကြဲ မင်းသား အောင်ရဲလင်းကတော့ အချစ်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး ကောလဟာလတွေ ထွက်နေတတ်သူပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ အောင်ရဲလင်းမှာ ချစ်သူအသစ်ရှိနေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အောင်ရဲလင်းဘက်ကတော့ အတိအလင်းထုတ်ဖော်ပြောပြတာတွေ မရှိသေးပေမယ့် ကောင်မလေးရဲ့ Instagram မှာတော့ အောင်ရဲလင်းနဲ့အတူသွား၊ အတူစားနေတဲ့ပုံရိပ်တွေကို တင်လေ့ရှိတာကို တွေ့ရပါတယ်။

ပရိသတ်တွေကတော့  ဒါဟာ အောင်ရဲလင်းရဲ့ အချစ်ဇာတ်လမ်း အသစ်လေးတစ်ခုဖြစ်မယ်ဆိုပြီး စိတ်ဝင်တစားဖြစ်နေခဲ့ကြပါတယ်။ ချစ်သူများနေ့မှာလည်း အောင်ရဲလင်းက ချစ်သူနဲ့အတူ ညစာစားနေတဲ့ပုံရိပ်တွေ အင်တာနက်ပေါ်မှာ နာမည်ကြီးနေခဲ့ပြီး အခုမှာလည်း အောင်ရဲလင်းတစ်ယောက် ချစ်သူနဲ့ ရွှေတိဂုံဘုရားတက်နေတဲ့ပုံရိပ်တွေကြောင့် ပရိသတ်တွေက ပိုပိုပြီး စိတ်ဝင်စားနေခဲ့တာပါ။

ကောင်မလေးဘက်ကလည်း အောင်ရဲလင်းနဲ့အတူ ရိုက်ထားတဲ့ ပုံရိပ်တွေကို instagram မှာ တင်လေ့ရှိပြီး ပုံတွေတင်တဲ့အခါမှာတော့ အောင်ရဲလင်းရဲ့မျက်နှာကို ဖော်ပြလေ့မရှိပါဘူး။ သူတို့နှစ်ယောက်ရဲ့ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

source : Instagram