အဆိုတော် ဂရေဟမ်ရဲ့ သမီးကြီးဖြစ်တဲ့ ပန်းရောင်ခြယ်က အသံချိုချိုလေးနဲ့ သီချင်းတွေကို သီဆိုတတ်သလို ရိုးရှင်းတဲ့သဘာဝအလှကြောင့် လူငယ်ပရိသတ်တွေအားပေးမှု အများဆုံးခံရတဲ့ ငယ်ရွယ်တဲ့ အနုပညာရှင်ပဲဖြစ်ပါတယ်။ လူငယ်ယောကျာ်းလေးပရိသတ်တွေရဲ့ အသည်းကျော် ပန်းရောင်ခြယ်ကို အားပေးမှုကြမ်းချက်က အဖေဖြစ်သူ ဂရေဟမ်ကိုတောင် ယောက္ခမကြီးလို ခေါ်ကြတဲ့အထိပါပဲ။

ပရိသတ်တွေက ဆယ်ကျော်သက်မင်းသမီး ယွန်းဝတီလွင်မိုး အိမ်ထောင်ကျသွားပြီးကတည်းက ပန်းရောင်ခြယ်ရဲ့အချစ်ရေးကိုလည်း စိတ်ဝင်စားလာကြပါတယ်။ တစ်ခါမှာ ရည်းစာမထားဖူးဘူးလို့ဆိုတဲ့ ပန်းရောင်ခြယ်လေးကတော့ လတ်တလောမှာ ပုံတစ်ပုံတင်ခဲ့ပါတယ်။ ဒီပုံမှာ ချစ်သူစုံတွဲတွေ ရိုက်လေ့ရှိတဲ့ Follow me ဆိုတဲ့ ချစ်သူရဲ့လက်ကိုဆွဲပြီး ရိုက်ထားတဲ့ပုံစံပိုစ်ကြောင့် ပရိသတ်တွေကြားမှာ ဂယက်တစ်ခု ဖြစ်သွားစေခဲ့ပါတယ်။

ဒီပုံလေးကို ပန်းရောင်ခြယ်က သူမရဲ့ဖေ့ဘုတ်စာမျက်နှာပေါ်မှာ တင်ခဲ့တာပဲဖြစ်ပြီး တင်ပြီးပြီးချင်းအချိန် ခဏအတွင်းမှာပဲ Share ပေါင်း ထောင်ကျော်သွားခဲ့ပါတယ်။ သူမရဲ့ပုံကိုကြည့်ပြီးတဲ့ ပုရိသပရိသတ်တွေကတော့ သူမရဲ့လက်ကို ဆွဲထားတာ ဘယ်သူလဲဆိုတာမသိရသေးပေမယ့် ကြေကွဲနေကြပါတယ်။ ပန်းရောင်ခြယ်ကလည်း ဒီပုံနဲ့ပတ်သက်ပြီး ဖြေရှင်းချက်မပေးသေးတဲ့အတွက် ပရိသတ်တွေက ပိုစိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။

source : Pan Yaung Chal