စူးရှတောက်ပလွန်းတဲ့ ညှို့အားပြင်း အကြည့်ပိုင်ရှင်လေး ပက်ထရစ်ရှာကတော့ သူမတို့ စုံတွဲ ပုံလေးကို Instagram မှာ တင်ထားပါတယ်။ချစ်သူကို လေဆိပ်လိုက်ပို့ နှုတ်ဆက်နေတဲ့ ပုံလေးတွေပါ။ရိုမန်တစ်ဆန်ဆန်ပုံလေးတွေကို တင်ထားတာပါ။

“Bye for now babe! ??
See you again in two weeks! ✌?❤️
I will be missing you..” ဆိုပြီး တင်ထားတာပါ။ပက်ထရစ်ရှာရဲ့ ချစ်သူက ပြည်ပကို ပြန်သွားပုံရပါတယ်။

ရှာရှာရဲ့ ချစ်သူက လူမျိုးခြား ဥရောပတိုက်သား(European) တစ်ယောက်ပါ။သူတို့နှစ်ယောက် တွဲခါစမှာတော့ လူမျိုး ခြားနဲ့ တွဲတယ်ဆိုပြီး ထုံးစံအတိုင်း ဝေဖန်ပြောဆိုမှုတွေထွက်ပေါ်လာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လိုက်ဖက်တဲ့ သူတို့ စုံတွဲကို လက်ခံပေးလာခဲ့တာကို တွေ့ရပါတယ်။

ပက်ထရစ်ရှာတို့ စုံတွဲကတော့ မွေးနေ့မှာ အတူ ဘုရားသွား ကျောင်းတတ်တဲ့ပုံတွေ၊ချစ်သူရဲ့ မွေးနေ့မှာ အတူ ညစာစားတဲ့ ပုံလေးတွေကို ပက်ထရစ်ရှာက တင်ထားတာတွေလည်း တွေ့ရပါတယ်။

from ပက်ထရစ်ရှာရဲ့ IG

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။