“ပက်ပက်စက်စက်ညှို့” ဆိုတဲ့ ရုပ်ရှင်ကားကတော့ (၁၇.၁၁.၂၀၁၇) မှာ ရုံတင်ပြသတော့မှာပါ။ ရုပ်ရှင် Press Show ပွဲကိုတော့ နိုဝင်ဘာ(၁၃)ရက်နေ့က JCGV(Junction City) မှာကျင်းပခဲ့ပါတယ်။ ဒီပွဲမှာတော့ အနုပညာအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်တွေ၊ တခြားဖိတ်ကြားထားတဲ့ ဧည့်သည်တွေ အများကြီး တက်ရောက်ပေးခဲ့တာကို တွေ့ရပါတယ်။

ဒီဇာတ်ကားမှာတော့ မင်းသား နေတိုး၊ မိုးစက်ဝိုင်နဲ့ အဆိုတော် ရွှေထူးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း၊ဇာတ်ညွှန်း မိုးနီလွင်ဖြစ်ပြီး ဒါရိုက်တာကတော့ သားညီပါ။ တခြားဇာတ်ကားတွေနဲ့မတူတဲ့ အချက်ကတော့ မြန်မာနိုင်ငံကိုယ်စားပြု မယ်စင်္ကြာဝဠာအလှမယ် မိုးစက်ဝိုင်နဲ့ အဆိုတော် ရွှေထူးတို့ ပါဝင်သရုပ်ဆောင်ထားတာပါ။

သရုပ်ဆောင်အလုပ်နဲ့ အရမ်းကြီး မရင်းနှီးကြတဲ့ သူတို့နှစ်ယောက်လုံးက ဇာတ်ကားနဲ့ပတ်သက်ပြီး စိတ်ပူမိကြောင်း၊အဆင်မပြေတာတွေရှိခဲ့ရင် နားလည်ပေးဖို့ အစောကြီးတည်းက ကြိုပြီး မေတ္တာရပ်ခံခဲ့ကြတာကိုလည်း တွေ့ရပါ တယ်။ ဒါပေမယ့် Press Show ကို တက်ရောက်ခဲ့ကြတဲ့သူတွေဆီကနေတော့ ဇာတ်ကားနဲ့ပတ်သက်တဲ့ ဝေဖန်သုံးသပ်ချက်တွေမှာတော့ မိုးစက်ဝိုင်နဲ့ ရွှေထူးတို့ရဲ့ သရုပ်ဆောင်ချက်တွေအတွက် ချီးကျူးပြောဆိုထားတာတွေကိုပဲ တွေ့နေရပါတယ်။

Press Show ပွဲကိုတော့ နေတိုး၊ ရွှေထူး၊ မိုးစက်ဝိုင်တွေနဲ့ အတူ ပွဲတတ်ဖို့ကံထူးခဲ့တဲ့ပရိသတ်တွေကလည်း သူတို့ချစ်တဲ့ အနုပညာရှင်တွေနဲ့အတူ ပွဲတက်လာခဲ့တာကို တွေ့ရပါတယ်။

FROM ပက်ပက်စက်စက်ညှို့ရဲ့ FB

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။