သရုပ်ဆောင်မင်းသား ပိုင်ဇေရဲထွန်းတို့ မိသားစုရဲ့ ဓါတ်ပုံတစ်ပုံဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှု ကွန် ရက် စာမျက်နှာတွေပေါ်မှာ အတော်လေး နာမည်ကြီးခဲ့ပါတယ်။ကမ်းခြေကို အလည်သွားတဲ့ သူ တို့မိသားစုဟာ ကားထဲမှာ selfie ပုံရိုက်ခဲ့ပါတယ်။အဲ့ဒီပုံထဲမှာတော့ ကားရဲ့ နောက်ဘ က်ခြမ်းမှာ လူ ရိပ်တစ်ခုပေါ်နေခဲ့ပါတယ်။သရဲပုံဆိုပြီး fb ပေါ်မှာ သတင်းတွေ ပျံ့သွားခဲ့ပါတယ်။အဲ့ဒီလို ထွ က်ပေါ် နေတဲ့ ကောလာဟလတွေကြောင့် ဒီပုံဟာ သရဲပုံမဟုတ်ကြောင်း အိမ်ကဝေယာဝစ္စ ဝိုင်းကူတဲ့ ကောင်မလေးရဲ့ ပုံပါလို့ အခုလို ပြန်ရှင်းခဲ့ပါတယ်။

 

“နောက်ခန်းက အိမ်ကဝေယာဝစ္စဝိုင်းကူတဲ့ညီမလေးပါ??
စိတ်မပူကြပါနဲ့အမျိုးတို့ရေ
ချစ်ပေးဂရုစိုက်ပေးစိတ်ပူပေးတာ ကျေးဇူးအထူးပါ ” ဆိုပြီး ပုံတွေနဲ့ တကွ ပြန်တင်ထားပါတယ်။

ဒါပေမယ့် အဲ့ဒီကိစ္စက ဒီနေရာမှာ ရပ်မသွားပဲ ဝေဖန်မှုတွေ ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။အိမ်ဖော် ကောင်မလေးကို ကားနောက်ခန်းဖုံးထဲမှာ ထားတယ်၊အဆင့်အဆန်းခွဲခြားလွန်းတယ်ဆိုပြီး ဝေဖ န်ပြော ဆိုမှုတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ဝေဖန်မှုတွေကြောင့် ပိုင်ဇေရဲထွန်းရဲ့ ဇနီးလည်း အတော်စိတ်ညစ်သွားပုံရပြီး ဝေဖန်ထားတဲ့ COMMENT တွေကို ss ရိုက်ပြီး ..

 

“ကျမသည်းခံနိုင်စွမ်းမကောင်းဘူး
FBပေါ်မှာစောင်ဆရာကြီးတွေ စောင်ဆရာမကြီးတွေတယ်များပါလား ??
ဘေးထိုင်ဘုပြော ဝေဖန်အတင်းတုတ်နေသူတွေ
လက်တွေ့ဘဝမှာကိုယ်မိသားစု ကိုယ့်ပတ်ဝန်းကျင်အတွက်ဘယ်လိုအကျိုးပြုနေကြသလဲသိချင်စမ်းပါဘိ” ဆိုတဲ့ post တစ်ခု တင်လိုက်တာကိုတွေ့ရပါတယ်။

Zin Thae Naing’s fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း
အသိပေး ကြေညာအပ်ပါသည်။