တစ်ခေတ်တစ်ခါက နာမည်ကြီးမင်းသား ပိုင်ဇေရဲထွန်းကတော့ ငယ်ရွယ်ချောမောတဲ့ ဇနီးနဲ့ ချစ်စရာ သားသမီး (၃)ယောက်နဲ့အတူ သာယာပျော်ရွှင်ဖွယ် မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းသူကြီးပဲဖြစ်ပါတယ်။ ပရိသတ်တွေ အားကျရလောက်တဲ့ ကြည်နူးစရာမိသားစုဘ၀လေးကို ပိုင်ဆိုင်ထားရတဲ့ အနုပညာရှင်တွေထဲမှာ ပိုင်ဇေရဲထွန်းတို့ရဲ့မိသားစုလေးလည်း အပါအ၀င်ဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ သူတို့မိသားစုလေးဟာ ပုဂံကို ဘုရားဖူးရောက်ရှိနေတာပဲဖြစ်ပါတယ်။ ပုဂံကိုရောက်ရှိနေတဲ့ ပိုင်ဇေရဲထွန်းတို့ မိသားစုပုံရိပ်လေးက ကြည်နူးဖို့ကောင်းနေပါတယ်။ ပိုင်ဇေရဲထွန်းကတော့ အနုပညာအလုပ်တွေကို မလုပ်တော့သလောက် နည်းသွားတာကိုတွေ့ရပြီး ဇနီးချောလေးနဲ့ ချစ်စရာ သား(၂)ယောက်၊ သမီး (၁)ယောက်အတွက် အချိန်တွေ အပြည့်အ၀ပေးနေခဲ့တာ ဖြစ်ပါတယ်။

Photo: Zin Thae Naing