ပိုင်တံခွန်ကတော့ မိန်းကလေးပရိသတ်တွေကြားမှာ “ကိုကိုပိုင်” “တံခွန်” ဆိုပြီး အရမ်းကို သည်းသည်းလှုပ်ဝန်းရံခံခဲ့နေရသူပါ။ မိန်းကလေးပရိသတ်တွေကလည်း သူတို့ချစ်တဲ့ ပိုင်တံခွန်နဲ့ပတ်သက်လာရင် အရမ်းကို အူတိုတတ်ကြတာကို တွေ့ရပါတယ်။ ဒီရက်ပိုင်းမှာလည်း ပိုင်တံခွန်က သူ့ပရိသတ်တွေ အသည်းကွဲစေမယ့် post တွေကို ဆက်တိုက်တင်နေပါတယ်။

ဂမုန်းပွင့်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ ပိုင်တံခွန်ရဲ့ နဖူးကို ပရိသတ်တစ်ဦးက အနမ်းပေးနေတဲ့ပုံကို ပိုင်တံခွန်က ဒီဇင်ဘာ (၁၇) ရက်နေ့က…”I love all my lovely fans, thanks for love me too ..” ဆိုတဲ့ စာနဲ့အတူ တင်ထားတာပါ။ ပုံရဲ့အောက်မှာတော့ မိန်းကလေးပရိသတ်တွေက စိတ်ဆိုး၊ သ၀န်တိုနေကြပါတယ်။

“ကျနော်ချစ်ရတဲ့ ကျနော့်ညီမနဲ့..” ဆိုတဲ့စာသားနဲ့အတူ ဒီဇင်ဘာ (၁၈) ရက်နေ့တုန်းက ရိုက်ကွင်းက ပုံတွေ တင်လိုက်ပါတယ်။ မိန်းကလေးသရုပ်ဆောင်တစ်ယောက်နဲ့အတူတွဲ သရုပ်ဆောင်ထားတဲ့ ရိုက်ကွင်းပုံလေးတွေပါ။ ဒါပေမယ့် မိန်းကလေးပရိသတ်တစ်ချို့က စိတ်ဆိုး၊ ကြေကွဲ ၀မ်းနည်းတဲ့အကြောင်း Comment တွေ ၀င်မန့်ထားပါတယ်။

အဲ့ဒီ Post အောက်မှာတော့ ပိုင်တံခွန်က သူ့ fan တွေကို ပြန်ရှင်းပြ၊ ပြန်ချော့ထားတဲ့ Comment ကို ၀င်ရေးထားပါတယ်။

“အလုပ်ထဲမှာလေကွာ ဘာလို့ စိတ်တွေကြီးဆိုးနေကြတာလည်း…..” ဆိုပြီး ရေးထားတာပါ။

နောက်ဆုံးတင်ထားတဲ့ Post မှာတော့ “ပရိတ်သတ် နဲ့ အိမ်က သားသမီးတွေက လွဲရင်
အားလုံး ဖွဲ နဲ့ ဆန်ကွဲ ဘဲ…” ဆိုပြီး ချုပ်ထားတာကို တွေ့ရပါတယ်။

from ပိုင်တံခွန်ရဲ့ fb