ပိုင်တံခွန်ကတော့ မိန်းကလေးပရိသတ်အခိုင်အမာရရှိထားတဲ့ မော်ဒယ်၊မင်းသား တစ်ယော က်ပါ။ အနုပညာအလုပ်တွေကို လုပ်ရင်း ဘ၀ကို ကြိုးစားရုန်းကန်နေသူပါ။သူရတဲ့ အနုပညာ လုပ်အား ခနဲ့ မိဘကို ကန်တော့တာ၊လှူဒါန်းတာတွေလည်း လုပ်ဖြစ်တာကို တွေ့ရပါတယ်။

အခုလည်း သူ့ရဲ့ ဖခင်ဖြစ်သူအတွက် နောက်ထပ်ကားတစ်စီး ၀ယ်ပေးပါတယ်။ဒီအကြောင်း ကိုတော့ သူ့ရဲ့ fb ပေါ်မှာ အခုလို ဖော်ပြထားပါတယ်။

“အဖေ့အလုပ်အတွက် နောက်ထပ်ကားလေးတစီး ဒီနေ့ထပ်ဝယ်ပေးဖြစ်တယ်ဗျာ အဖေပျော်တာမြင်တော့ ကျနော်ဝမ်းသာတယ်…” ဆိုပြီး တင်ထားပါတယ်။သူ့ Post ရဲ့ အောက်မှာတော့ မိဘအပေါ် သိတတ်လိမ္မာတဲ့ သားတစ်ယောက် အဖြစ် ချီးကျူး ထားတာတွေကို တွေ့ရပါတယ်။

from ပိုင်တံခွန်ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။