မိန်းကလေးပရိသတ်တွေတော်တော်များများကို ပိုင်ဆိုင်ထားပြီး Oppo ရဲ့ Customer Relations Ambassador တစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်ဟာ ရှန်ဟိုင်းမြို့မှာကျင်းပတဲ့ Victoria’s Secret Fashion Show ပွဲကို တက်ရောက်ဖို့အတွက် နိုဝင်ဘာလ (၁၈)ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ကနေ တရုတ်ပြည်ကို ထွက်ခွာသွားခဲ့ပါတယ်။

ပြည်ပပွဲတွေ အတော်များများကိုတက်ရောက်ခွင့်ရနေတဲ့ ပိုင်တံခွန်အတွက် ဒီ Victoria’s Secret Fashion Show ပွဲကိုတော့ ပထမဆုံးအနေနဲ့ ဖိတ်ကြားခံရခြင်းဖြစ်ပါတယ်။

Victoria’s Secret Fashion Show မှာ Oppo က စမတ်ဖုန်းပါတနာအဖြစ် ပူးပေါင်းပါဝင်ထားပြီး ပိုင်တံခွန်ရဲ့ပရိသတ်တွေနဲ့ အမေးအဖြေတွေပြုလုပ်ပြီး ပိုင်တံခွန်က ရှန်ဟိုင်းအပြန် အမှတ်တရလက်ဆောင်ပစ္စည်းတွေပေးမယ့် အစီအစဉ်လည်း ရှိပါတယ်။ ပရိသတ်တွေမေးတဲ့ မေးခွန်းတွေထဲကမှ (၁၀)ခုကို ပိုင်တံခွန်က ရွေးချယ်ဖြေဆိုပေးသွားမှာ ဖြစ်ပြီး အဲဒီပရိသတ် (၁၀)ယောက်ကို လက်ဆောင်တွေပေးသွားမှာ ဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ရှန်ဟိုင်းက ပိုင်တံခွန်ရဲ့ အမိုက်စားဓါတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

Source: Paing Takhon facebook, Oppo facebook

 

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။