နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မော်ဒယ် မင်းသား ပိုင်တံခွန်ကတော့ တရုတ်နိုင်ငံမှာ ကျင်းပမယ့် Victoria’s Secret Fashion Show 2017 အတွက် ရှန်ဟိုင်းကို ရောက်နေပါပြီ။မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ တက်ရောက် ခွင့် ရခဲ့ တာပါ။OPPO ရဲ့ Customer Relations Ambassador အဖြစ်ဖိတ်ကြားခံရတာလို့ သိရပါတယ်။

ပွဲတက်ရောက်ဖို့ နိုဝင်ဘာ(၁၈)တည်းက မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပါတယ်။ရှန်ဟိုင်းမှာ(၃)ရက်လောက်နေဖြစ်မယ်လို့ သိရပါတယ်။Victoria’s Secret Fashion Show 2017 ကိုတော့ နိုဝင်ဘာ(၂၀) မှာ ကျင်းပမှာပါ။

အဲ့ဒီပွဲမှာတော့ တကယ့်ကမ္ဘာကျော် မော်ဒယ်တွေ၊အဆိုတော်တွေလည်း ပါဝင်သွားမှာပါ။ပိုင်တံခွန်ကတော့ ရှန်ဟိုင်း ရောက် သူ့ရဲ့ ပုံရိပ်လေးတွေကို fb မှာ မျှဝေထားတာ၊live လွှင့်ထားတာတွေ တွေ့ရပါတယ်။

from ပိုင်တံခွန်ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။