ပိုင်ဖြိုးသု ကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ထိပ်တန်း မင်းသမီး တွေ ထဲက တစ်ယောက်ပါ။သရုပ်ဆောင်ဘက် အပြင် ပညာရေး ဘက်မှာပါ ထူးချွန်တဲ့ ဆရာဝန်မင်းသမီးပါ။ပိုင်ဖြိုးသုက တော့ အကယ်ဒမီ မင်းသမီး ဖြစ်ပြီး သူမရ ခဲ့တဲ့ ဇာတ်ကားက တော့ 3 Girls ပါ။ဒီဇာတ်ကား နဲ့ အ ကောင်းဆုံး ဇာတ်ပို့ မင်းသမီး ဆုကို ရခဲ့တာပါ။ မင်းသမီးချော ပိုင်ဖြိုးသုရဲ့ ပရိသတ်တွေ အတွက် မဖြစ် မနေ ကြည့်သင့်တဲ့ သူမရဲ့ ဇာတ်ကား နှစ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။

 

View this post on Instagram

 

A post shared by Paing Phyoe Thu (@paingphyoethu)

ပထမဆုံး ဇာတ်ကားကတော့ ပိုင်ဖြိုးသု အကယ်ဒမီ ရခဲ့တဲ့ 3 Girls (သရဲမ၊ဘီလူးမ နှင့် မိန်းမပျို)ဆိုတဲ့ ဇာတ်ကားပါ။ဒီ ဇာတ်ကားရဲ့ ဒါရိုက်တာကတော့ ၀ိုင်းဖြစ်ပြီး အလင်းရောင် ၊အိချောပို၊ဖွေးဖွေးတို့ နဲ့ အတူ တွဲ သရုပ်ဆောင် ခဲ့တာပါ။ဒီဇာတ်ကားက တော့ သည်းထိတ် ရင် ဖို ဇာတ်ကား အမျိုးအစားပါ။ကြည့်တဲ့သူတွေကို ဇာတ်ကား အစ ကနေ အဆုံး အထိ ဆွဲ ခေါ် သွားနိုင်တဲ့ ဇာတ်ကားမျိုးပါ။ထိပ်တန်း မင်းသမီးတွေ  ဖြစ်တဲ့ ဖွေးဖွေး၊အိချောပို နဲ့ ပိုင်ဖြိုးသု တို့ ရဲ့ သရုပ်ဆောင် စွမ်းရည်တွေကို လည်း ဒီဇာတ်ကားထဲမှာ တ၀ကြီး ကြည့်ရှုနိုင်ပါတယ်။ဇာတ်ကား အကျဉ်းလေးက တော့ ပိုင်ဖြိုးသု ပြောင်းလာတဲ့ အိမ်ကြီးမှာ ပုံမှန်မဟုတ်တဲ့ အခြေအ နေ တွေ နဲ့ ကြုံ ခဲ့ရာ က နေ စထားတာပါ။ဒီလို တွေ့ကြုံ မှု တွေ ရဲ့ နောက်ကွယ်က အကြောင်းအရာ တွေကို ဘယ်လို အဖြေရှာ သွားကြမလဲ ဆိုတာကို တော့ စိတ်ဝင်တစားနဲ့ ကြည့်ရမှာပါ။

 

နောက်ထပ် ဇာတ်ကားကောင်းကတော့ ပန်းနှစ်ပွင့်စီးချင်း ဆိုတဲ့ ဇာတ်ကားပါ။ဇာတ်ကားရဲ့ ဒါရိုက်တာက တော့ မင်းခိုက်စိုးစန်ပါ။ဒီဇာတ်ကား မှာတော့ ပိုင်ဖြိုးသု၊မေဘရဏီသော်၊စိုးရန်အောင်၊ရန်ကျော်၊ကိုကိုလင်းမောင်၊ထူးသာ..အစရှိတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင် ထားပါတယ်။ဇာတ်ကား အကျဉ်းလေးက တော့ ထက်မြက်ပြီး ကိုယ်ယုံကြည်ရာ အမှန် တရားဘက်က ရပ်တည် တတ်တဲ့ ရှေ့နေ မလေးရွှေဇ၀ါ နဲ့ မေခတ္တာ တို့ရဲ့ အကြောင်းလေးပါ။ကိုယ်ယုံကြည်တဲ့ အမှန်တရား ဘက်က ရပ်တည် ခဲ့ ကြပေမယ့် အဆုံးသတ်မှာတော့ ဘယ်သူက တကယ့် အမှန် တရား ဘက်မှာ ရှိ နေလဲဆိုတာကို စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားလေးပါ။

3 Girls (သရဲမ၊ဘီလူးမ နှင့် မိန်းမပျို) နဲ့ ပန်းနှစ်ပွင့်စီးချင်း ဆိုတဲ့ ဇာတ်ကားတွေကိုတော့  Viu Myanmar App ကို Download လုပ်ယူပြီး ကြည့်ရှုနိုင်ပါတယ်။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင်တော့ Viu Premium အထူး ကြည့်ရှုခွင့်ကို လစဉ် ကြေး မလိုပဲ ကြည့်ရှုနိုင်ပါတယ်။ အာရှတစ်ခွင်က ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲပေါင်းများစွာကို ၁ဝဝ% မြန်မာစာတန်းထိုးနဲ့ Viu မှာ ကြည့်ရှုလို့ ရပါတယ်။ ဒါကြောင့် Viu app ကို ဒီနေရာမှာ ဒေါင်းလုဒ်ရယူလိုက်ပါ။

#CELENOW