အောင်ရဲလင်းကတော့ နှုတ်ခမ်းနီမလေးတွေ သဲသဲလှုပ်ဝန်းရံအားပေးခြင်းခံထားရတဲ့ အမျိုးသားအနုပညာရှင်တွေထဲက တစ်ယောက်ပါ။ အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ကြော်ငြာတွေ၊ ဇာတ်ကားတွေ၊ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံတွေကို ဆက်တိုက်ရိုက်ကူးနေပါတယ်။ အောင်ရဲလင်းပါဝင် သရုပ်ဆောင်ထားတဲ့ “ဇာတိမြေ” ဇာတ်ကားလည်း မကြာခင်မှာရုံတင်ဖို့ ရှိပါတယ်။ “ဇာတိမြေ” ဇတ်ကားရဲ့ အထူးပွဲကိုတော့ (၂၂.၂. ၂၀၁၈)က ပြုလုပ်ခဲ့ပါတယ်။ အောင်ရဲလင်းရဲ့ အချစ်ရေးအနေနဲ့ကတော့ Beauty Blogger နေခြည်ဦးနဲ့ လမ်းခွဲပြီးနောက် အခုတော့ တခြားအချစ်သစ်နဲ့တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

အားလုံးက ရှာရှာ ဆိုပြီး ချစ်စနိုးခေါ်ကြတဲ့ ပက်ထရစ်ရှာကတော့ စူးရှတောက်ပတဲ့အကြည့်တွေကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ် မင်းသမီးလေးပါ။ အမြဲတမ်းဖက်ရှင်စတိုင်အလန်းလေးတွေချပြတတ်တဲ့ သူမကတော့ ဒီတစ်ခါမှာ အောင်ရဲလင်းနဲ့တွဲပြီး ကြော်ငြာရိုက်ကူးခဲ့ပါတယ်။ အောင်ရဲလင်းက သူမ (၁၀)နှစ်သမီးတည်းက နှစ်သက်အားပေးခဲ့တဲ့ မြန်မာ ဆယ်လီ crush ပါလို့လည်း ပက်ထရစ်ရှာက ပြောထားပါတယ်။

UNIQUE အ၀တ်အစားကြော်ငြာရိုက်ကူးခဲ့တာပါ။ ပုံတွေကတော့ ပက်ထရစ်ရှာက သူမရဲ့ FB မှာ တင်ထားပါတယ်။

 

from ပက်ထရစ်ရှာနဲ့ အောင်ရဲလင်းရဲ့ fb & IG