အဆိုတော် ယုန်လေးရဲ့  Original Gangster  ဇာတ်ကားတွေကတော့ ပရိသတ်အားပေးမှု အပြည့်အ၀ရခဲ့တဲ့ ဇာတ် ကား တွေပါ။Original Gangster  ကားတွေ ရိုက်လာခဲ့တာ အခုဆိုရင်တော့ Original Gangster 3 အထိ ရောက်လာခဲ့ပါပြီ။ဒါပေမယ့် ဒီဇာတ်ကားကို ပြသဖို့ ဆင်ဆာ မရတဲ့ အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ယုန်လေးက Original Gangster ရဲ့ fb မှာ တင်ထားပါတယ်။

အဲ့ဒီဗီဒီယိုဖိုင်ထဲမှာတော့ ယုန်လေးက Original Gangster 3  ကိုတော့ (၂၀၁၆) (၁၁)လပိုင်းမှာ ရိုက်ကူးခဲ့ကြောင်း၊ 2 မှာ တုန်းက ကြုံတွေ့ခဲ့ရတဲ့ အသံတွေရော အခက်အခဲတွေရော  အမှားတွေရော အကုန်လုံးကို ပြင်ဆင်ထားပြီး  ရိုက်ကူး ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်ဆင်ဆာ အဖွဲ့က အများပြည်သူ ပြသရန်မသင့်ဆိုတဲ့ အချက် နဲ့ ဆင်ဆာ ချမပေးခဲ့ကြောင်း၊ ဇာတ်ကားထဲမှာ ဟိုတယ်ကြီးတစ်ခုမှာ Miss တွေကို ပြန်ပေးဆွဲတဲ့ ဟာမျိုး ကို ရိုက် ထားတာပါ။ မြန်မာပြည်မှာ Miss တွေကို ပြန်ပေးဆွဲ၊ ဟိုတယ်အဆောက်အအုံကို ပြန်ပေးဆွဲတာမျိုး မရှိဖူးတဲ့ အတွက် အများပြည်သူ အတုယူမမှားရအောင် ဆင်ဆာ မပေးတာလို့  ယုန်လေးကဗီဒီယိုဖိုင်ထဲမှာ ပြောထားပါတယ်။

“ဆင်ဆာကို မရှိသင့်ဘူးလို့ ပြောတဲ့ထဲမှာ ကျွန်တော်မပါပါဘူး။ဒါပေမဲ့ ကျတော်တို့ကိုတော့ စိတ်ဓာတ်တွေကို သတ်ဖြတ်ဖို့ ဆင်ဆာအဖွဲ့တွေ မလုပ်ပါနဲ့။ တစ်ခုခုဖန်တီးတော့မယ်ဆိုရင် ဒါတော့ ဆင်ဆာပေးမှာမဟုတ်ဘူး။ ဒါတော့မဖြစ်နိုင်ဘူးအဲ့လိုမျိုးနဲ့တော့ ကျွန်တော့်စိတ်ဓာတ်တွေ အသတ်မခံနိုင်ဘူး။ ဆင်ဆာရှိပါ။ကျတော်တို့ အနု ပညာမြောက် မယ့်ဟာမျိုးတွေကို အနုပညာအရလည်း ထည့်တွက်ပေးဖို့ ပြောချင်ပါတယ်။ အဲ့အတွက်လည်း လျော့ေ ပ့ါပေးဖို့ ကိုလည်းတောင်း ဆိုပါတယ်” ဆိုပြီး ဆင်ဆာလူကြီးတွေကို ပြောထားပါတယ်။

Special Force ဆိုတဲ့ ဇာတ်ကားကိုလည်း ဆင်ဆာပိတ်ခံရတယ်လို့ သိရပါတယ်။(၂၀၁၈)ထဲမှာတော့  မြင့်မြ တ်ကူညီပေးထားတဲ့”လူလိမ္မာနိုင်ငံမှာဆရာကျတဲ့သူ” ရုပ်ရှင်နဲ့ လူမင်းပါဝင်ထားတဲ့ “လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာ ရီ’ စတဲ့ ရုပ်ရှင်ဇာတ်ကားနှစ်ကားသာ ရုံတင်ဖို့ ကျန်ရှိတော့တယ်လို့လည်း ယုန်လေးက ပြောခဲ့ပါတယ်။

အားလုံးကို နှုတ်ဆက်ရတော့မယ်နဲ့တူပါတယ်#OG

Posted by Original Gangster on Sunday, May 6, 2018

from ယုန်လေး