ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးမှာ အောင်မြင်မှုရလာခဲ့တဲ့ မင်းသားဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ်စတီးနားခီတို့ ဇနီးမောင်နှံဟာ သားလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားပြီး အလုပ်ကိုလည်း တက်ညီလက်ညီ ကြိုးစားနေသူတွေ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံက တစ်ယောက်က မင်းသား၊ တစ်ယောက်က ဒါရိုက်တာ လုပ်ရင်း ၀ါသနာတူတဲ့အနုပညာလမ်းကို လျှောက်လှမ်းနေကြသူတွေပါ။

အခုမှာတော့ ဇဏ်ခီက သူ့ရဲ့ချစ်ဇနီးလေးနဲ့ ဖြတ်သန်းခဲ့ရတဲ့ ပုံရိပ်ဟောင်းလေးနဲ့အတူ ချစ်သူများနေ့ကို အခုလို ကြိုဆိုခဲ့တာပဲဖြစ်ပါတယ်။ “HAPPY VALENTINE’S BABE!! ကနဦးက ကိုယ်ဟာ တော်တော်မချောမလှတဲ့သူတစ်ယောက်ပါ (ခုလဲချောတယ်လို့မထင်ပါ).. ဘာ့ကြောင့်ကိုယ့်ကို လက်ခံခဲ့လဲဆိုတာအခုထိ စဉ်းစားလို့မရဘူး။ Feeling..ရွှေရုပ်ကလေးကောက်ရသလို” လို့ရေးထားတာပဲဖြစ်ပါတယ်။

ဇဏ်ခီက သရုပ်ဆောင်ပီပြင်တဲ့အပြင် အဆိုဘက်မှာလည်း တော်ပြီး ချစ်ဇနီး ခရစ်စတီနားခီကလည်း အမျိုးသမီးဒါရိုက်တာအဖြစ် ဇာတ်ကားကောင်းတစ်ကားကို ဖန်တီးပြနိုင်တဲ့ အရည်အချင်းတွေကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အ၀ရရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကတော့ အတူတူရုန်းရင်းကြိုးစားရင်းနဲ့ အနုပညာလောကမှာ နေရာတစ်နေရာ ရလာပြီး အခုဆိုရင် အောင်မြင်မှုတွေကို ထွေ့ပိုက်နေရပါပြီ။

source : Zenn Kyi