အဆိုတော် ရွှေထူးက အဆိုဘက်ပိုင်းမှာ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားသူပဲဖြစ်သလို အခုဆိုရင် သရုပ်ဆောင်ပိုင်းကိုပါ ရိုက်ကူးနေပြီးပဲဖြစ်ပါတယ်။ ရွှေထူးကတော့ အနုပညာအလုပ်မှာပါ အောင်မြင်မှုတွေရရှိနေသလို အချစ်ရေးမှာလည်း ပျော်ရွှင်စရာကောင်းပြီး ချစ်စရာကောင်းတဲ့ ချစ်သူလေးကိုလည်း ပိုင်ဆိုင်ထားရပါတယ်။ လတ်တလောမှာတော့ ရွှေထူးက ပရိသတ်တွေအတွက် သူရဲ့ငယ်ငယ်တုန်းက ပုံဟောင်းလေးကို မျှဝေပေးလိုက်ပါသေးတယ်။

ရွှေထူးက ဒီပုံကို ချစ်ပရိသတ်တွေအတွက် “Haha ပေးပါ အရင်တုန်းကပုံလေးရှာတွေ့လို့” ဆိုပြီး စနောက်ရင်းနဲ့ တင်လိုက်တာပဲဖြစ်ပါတယ်။ အရင်တုန်းက ရွှေထူးနဲ့ အခုလက်ရှိရွှေထူး ကွာခြားသွားတဲ့ပုံလေးဖြစ်တာကြောင့် ပရိသတ်တွေက အံ့သြနေခဲ့ကြပါတယ်။ ဒီပုံလေးကြောင့်လည်း ရွှေထူးရဲ့အမာခံပရိသတ်တွေက အချစ်မလျော့သွားသလို ချစ်မြဲတိုင်းချစ်နေကြတာပဲဖြစ်ပါတယ်။ ရွှေထူးက အဆို၊သရုပ်ဆောင်အလုပ်အပြင် Lil’Z ၊ ချမ်းငြိမ်းကိုနဲ့ချိုကြီးတို့ လေးယောက်ပေါင်းထား တဲ့ BTTF အင်္ကျီကို ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။

source : Htoo Khant