ဥက္ကာမင်းမောင်ကတော့ မင်းသား၊အဆိုတော်တစ်ယောက်ဖြစ်သလို  Mister Tourism World 2016 ဆုရှင် တစ်ေ ယာက်ပါ။အနုပညာလောက ကနေ ခဏတာ ပျောက်ကွယ်သွားပြီး အရင်ဥက္ကာမင်းမောင်နဲ့ လုံးဝ မတူတဲ့ ဒီဇိုင်း တစ်မျိုးနဲ့ ပရိသတ်ရှေ့ကို ပြန်ရောက်လာသူပါ။လက်တလောမှာတော့ ဥက္ကာမင်းမောင်က အမေရိကားမှာ အနုပညာ ခြေလှမ်းသစ် စတင်ဖို့ ကြိုးစားနေပါတယ်။ New York မှာ ရိုက်မယ့် “Dead Of Night” Short Film အတွက် Audition ဝင် ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရွေးချယ်ခံခဲ့ရပါတယ်။

 

ဥက္ကာမင်းမောင်နဲ့ စန္ဒီမြင့်လွင်တို့ကတော့ အရမ်းကို ခင်မင်ရင်းနှီးတဲ့ အနုပညာ မောင်နှမတွေပါ။ပရိသတ်တွေ ချစ်တဲ့ အဆိုတော် မင်းသမီးလေး စန္ဒီမြင့်လွင်ကတော့ သူမရဲ့ ချစ်သူ ကိုသီဟလွင်နဲ့ မတ်လ (၄) ရက်နေ့က မင်္ဂလာ လက်မှတ် ရေးထိုးလိုက်ပါပြီ။အမေရိကန်မှာ ရောက်နေလို့ စန္ဒီမြင့်လွင်ရဲ့  မင်္ဂလာလက်မှတ်ရေး ထိုးပွဲ ကို မတတ်ရောက်နိုင်ပေမယ့် စန္ဒီမြင့်လွင်အတွက် မင်္ဂလာဆုတောင်းစကားကို ဥက္ကာမင်းမောင်က အခုလိုလေး သူ့ FB မှာ ပြောထားပါတယ်။

“ဒေါ်ဒီးဒီးရဲ့ မင်္ဂလာလက်မှတ်ထိုးပွဲ ကပုံတွေကြည့်ပြီး အပျော်တွေတောင် ကူးစက်တယ်.. New York အချိန်မနက်ကြီး အိပ်ယာထကာစ ဖုန်းဆက်လာတယ်..မြန်မာပြည်မှာတော့ ညပေါ့လေ.. ရင်တွေခုန်လို့တဲ့.. မနက်လက်မှတ်ထိုးမှာတဲ့… အိပ်မရလို့ဆိုလား… ကိုယ်လဲ အိပ်ချင်မူးတူးနဲ့ ဘာပြောလိုက်မှန်းတောင်မသိ.. အဲ့ဒါပြောပြီး ဖုန်းချသွားရော…ကိုယ်လဲ ပြန်အိပ်သွားတာ..ကိုယ်နိုးလာတော့ သူတကယ်ပဲဆက်ခဲ့သလား ဇဝေဇဝါရယ်.. သူ့ပွဲ တပွဲမှ မရှိလို့စိတ်ကောက်တော်မူလေရဲ့.. ဟိုးအရင်ထဲ ကလဲ ဒီအတိုင်းပဲ.. အခုလဲ ဒီအတိုင်းပဲ..ခင်လာတာနှစ်တွေမနည်း.. ဘာမှ မပြောင်းလဲ.. စိတ်ကောင်းအရမ်းရှိတဲ့သူ ကိုယ့်ညီမလိုလဲ ဖြစ်နေတဲ့ ဒေါ်ဒီးဒီး အချစ်စစ်တွေ့သွားတာဝမ်းသာတယ်.. စကားမစပ် သူနဲ့ ကအသက်တနှစ်ပဲ ကွာတာ.. သွသူတော့ “သမီးကလေ.. သမီးကလေ” တဲ့ ပြောတုန်း.. အဲ့ဒီတော့ ကိုယ်လဲ ဘယ်ရမလဲ “ဒေါ်”တပ်ခေါ်လိုက်တယ်..အားလုံးလေးစားအားကျအတုယူရသော စံပြစုံတွဲလေးဖြစ်ပါစေ. အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေ.. သားသမီးတွေ အများကြီးရပါစေ.. သူ့လိုပဲ ယောက်ယက်စိန် ဒီးဒီးပေါက်စနလေးတွေထွက်လာမှာမြင်ယောင်သေး.. ကူထိန်းပေးမယ်ဗျို့.. ကဲ.. မွေးပေတော့…..” ဆိုပြီး တင်ထား တာပါ။

FROM ဥက္ကာမင်းမောင်ရဲ့ FB