သရုပ်ဆောင်မင်းသား၊မော်ဒယ်၊Mister တစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်က သူ့ရဲ့ ပရိ သ တ်တွေနဲ့တွေ့ဆုံတဲ့ fan meeting ပွဲလေးရယ်၊သူထွက်ရှိခဲ့တဲ့ 18 album ထွက်ရှိခဲ့တဲ့ တစ်နှ စ်ပြည့် အထိမ်းအမှတ်ပွဲလေးကို နိုဝင်ဘာ(၁၈) ရက်နေ့က ကျင်းပခဲ့တာပါ။

ဒီပွဲမှာတော့ ဥက္ကာမင်းမောင်က သူချစ်တဲ့ ပရိသတ်တွေအတွက် နန်းကြီးသုပ်သုပ်ကျွေးခဲ့ပါတယ်။ေ ပျာ် ပျော်ပါးပါး ဆင်နွှဲခဲ့ပါတယ်။fb ပေါ်ကနေ ပရိသတ် (၈၁)ယောက်ကို ရွေးချယ်ပြီး ဖိတ်ကြားခဲ့ တာပါ။ပုံလေးတွေကိုတော့ ဥက္ကာမင်းမောင်က သူ့ရဲ့ fb ပေါ်မှာ ခုလို ရှယ်ထားပါတယ်။

“ပရိတ်သတ်တွေပေးတဲ့ ပျော်ရွှင်မှူကြောင့် ဘယ်တော့မှ မမေ့နိုင်စရာ နေ့တနေ့.. တချို့တွေဆို ဒီပွဲလာဖို့ မန္တလေးကနေလာရတယ်.. တောင်ကြီးကနေတကူးတက လေယာဉ်စီးလာတယ်… ပရိတ်သတ်တွေထဲ ဆယ်နှစ်ကျော်အရွယ် ကလေးငယ်ငယ်လေးကအစ ကျွန်တော့်အဖွားအရွယ်အထိ ဒီပွဲကိုလာရောက်ကြတယ်.. သူတို့ပြောပြတဲ့ကျွန်တော့်ကိုအားပေးရတဲ့အကြောင်းလေးတွေနားထောင်ရင်း အားလုံးနဲ့လဲ ရင်းနီးမှူပိုရတယ်.. အားလုံးလဲ ကျွန်တော့်ကို မောင်နှမဆွေမျိုးအရင်း အချာတစ်ယောက်လို သဘောထားပါ… ဒီပွဲမှာ လိုအပ်တာများရှိရင်ခွင့်လွှတ်ပါ… စာနယ်ဇင်းတချို့လဲ နီးစပ်ရာ စကားစပ်မိရင်း ဖိတ်လိုက်တာပါ..အကုန်လုံး မဖိတ်ဘူးထင်ကြမှာစိုးလို့.. အခွေနာမည်က 18 မို့လို့ ပြောင်းပြန် 81 ဆိုပြီး fan meeting ပွဲတက်ဖို့ ပရိတ်သတ် ၈၁ ယောက်ပဲ ရွေးပြီးလုပ်လိုက်တဲ့အတွက် တချို့ အမာခံ ပရိတ်သတ်တွေ ဒီပွဲမတက်ရလို့ စိတ်မကောင်းဖြစ်.. နားလည်မှူလွဲကြသူတွေကိုလဲ တခါထဲတောင်းပန်ပါတယ်..

 

နောက်ဆို ဒီထက်ပိုပြီးလူများများဧည့်ခံနိုင်အောင်ကြိုးစားပါ့မယ်.. game တွေဆော့.. သီချင်းတွေတူတူဆို.. ဓာတ်ပုံရိုက်..ကျွန်တော်လုပ်ကျွေးတဲ့ မုန့်တွေစား.. ပရိတ်သတ်ကပြန်ပြီး sign ထိုးပေး… အချင်းချင်းစကြနောက်ကြနဲ့တကယ့်ပျော်စရာနေ့လေးပါပဲ.. ဒီပွဲဖြစ်မြောက်ရေးကိုကူညီပေးကြတဲ့ ကျွန်တော့်မေမေ၊jasmine၊New Aye Yar ဟိုတယ် မှဝန်ထမ်းများ၊ မသဲသဉ္ဇာ၊ အေးကောင်း၊ဦးတင်မောင်လွင် အရပ်ကူပါလူဝိုင်းပါ ကူညီခဲ့သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်.. ပြန်တွေးတိုင်း ပြုံးမိဆဲ ကြည်နူးနေဆဲပါ… ဆက်လက်ပြီးလဲ ပရိတ်သတ်တွေပေးသော အချစ်တွေနဲ့ အနုပညာခရီးဆက်လက်ရှင်သန်ချင်ပါသေးတယ်…” ဆိုပြီး တင်ထားပါတယ်။

from ဥက္ကာမင်းမောင်ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။