မိဘမဲ့ကလေး ဂေဟာတည်ဆောက်ရေးအတွက် ဥက္ကာမင်းမောင်က ငွေကြေးလှူဒါန်းခဲ့ပါတယ်။ဒီ ဂေဟာကိုတော့ ခိုင်နှင်းဝေ ဖောင်ဒေးရှင်းကနေ ဦးစီးတည်ဆောက်သွားမှာပါ။ဥက္ကာမင်းမောင် ကတော့ ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူအတွက် ရည်စူးပြီး လှူဒါန်းခဲ့တာကို သူ့ရဲ့ fb ပေါ် မှာ ပြောထားပါတယ်။

“Donation for orphanage.. Khine Hnin Wai Foundation မှ ဦးစီးဆောက်လုပ်မည်ဖြစ်သော မိဘမဲ့ကလေး ဂေဟာအတွက် ကွယ်လွန်သူဖခင်ကြီးအားရည်စူး၍ အုတ်တံတိုင်းတစ်ခန်းစာ ၃ သိန်း လှူဒါန်းခဲ့ပါတယ်.. နောက်ထပ်အလှူရှင်များစွာလိုအပ်နေသည့်အတွက် ပါဝင်လှူဒါန်းလိုသော အလှူရှင်များကိုဖိတ်ခေါ်ပါတယ်.. မခိုင်နှင်းဝေကိုဆက်သွယ်လို့ရပါတယ်” ဆိုပြီး ငွေကြေး လှူဒါန်း နေတဲ့ ပုံကို တင်ထားပါတယ်။

from ဥက္ကာမင်းမောင်ရဲ့ fb

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြ ခင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။