ပွင့်ပွင့်လင်းလင်းနေရ ၊ ပြောရတာကို ကြိုက်တဲ့ အလှဖန်တီးရှင် သုသု (ခေါ်) ညီညီမောင်(စမ်းချောင်း)ကတော့ ပရိသတ်တွေရဲ့အချစ်တွေကို ရရှိပိုင်ဆိုင်ထားတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သုသုက အခုဆိုရင် မျက်နှာပြည့်ပြည့်လေးနဲ့ ကြည့်ကောင်းအောင် ၊ အရေးအကြောင်းတွေ,ပါ မပေါ်တော့အောင် ဆေးထိုးပြုပြင်ခဲ့တယ်လို့သိရပါတယ်။

သုသုကတော့ အလှအပဆို အရမ်းကြိုက်သူမို့ ပိုလှသွားအောင် မျက်နှာပြုပြင်ခဲ့တာပဲဖြစ်ပါတယ်။ သုသုက လိုချင်တဲ့ မျက်နှာဖူးဖူးလေးကိုတော့ My Princess Clinic မှာ ဆေးထိုးပြုပြင်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး သုသုက “My Princess Clinic မှာ မျက်နှာ ပြည့်ပြည့်လေးနဲ့ ကြည့်ကောင်းအောင် အရေးအကြောင်း တွေ ပါ မပေါ်တော့အောင် လှလှ သွားပြင်တာ… စိတ်တိုင်းကျပြီး သုသု လိုချင်တဲ့ မျက်နှာဖူးဖူးလေးရပြီ … သုသု မျက်နှာ က ခွက်တယ်လေ … အစွမ်းကုန်ဂရုတစိုက် ပြင်ပေးတဲ့ ဒေါက်တာ Aung Thiha ကျေးဇူးပါ” လို့ဆိုခဲ့ပါတယ်။

ပရိသတ်တွေက သုသုရဲ့ဟာသဗီဒီယိုဖိုင်လေးတွေကို ကြိုက်နှစ်သက်ခဲ့ကြပြီး သုသုရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီးတဲ့သူတိုင်းလည်း သုသုအပေါ်အချစ်တွေ တိုးလာခဲ့ကြပါတယ်။

source : Nyi Nyi Maung