လတ်တလော လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အားပေးသူတစ်ခဲနက်ရှိနေတဲ့ သုသုကတော့ ကြော်ငြာတွေ ရိုက်ကူးဖို့လက်ခံထားတယ်လို့ လည်းသိရပါတယ်။ သုသုရဲ့ ဟာသဗီဒီယိုဖိုင်လေးတွေက ပရိသတ်တွေကို အမောပြေစေခဲ့ပြီး စိတ်ညစ်စရာတွေကိုပါ ပျောက်သွားစေခဲ့ပါတယ်။ ဒါကြောင့်လည်း သုသုကို ချစ်တဲ့ပရိသတ်တွေ ပိုများလာတာပဲဖြစ်ပါတယ်။

မကြာခင် ကြော်ငြာရိုက်ကူးတော့မှာနဲ့ပတ်သက်ပြီး သုသုက “ရူတင်ထိ စရံလာပေးသွားတယ် ကြော်ငြာရိုက်ဖို့လေ တအားပျော်ပါတယ် … သူငယ်ချင်းတွေ အားပေးလို့ပါ သုသု သူငယ်ချင်းတွေရော … See first တွေရော .ဖောလိုဝါးဒေ ရော သိုင်းကျူးဘာ ကျေးဇူးအထူးပါ ” ဆိုပြီး ရေးထားတာတွေ့ရပါတယ်။ သုသုက ဒီလိုကြော်ငြာရိုက်ကူးဖို့ ကမ်းလှမ်ခံရတာ ပရိသတ်တွေအားပေးလို့ဆိုပြီး ပရိသတ်တွေအားလုံးကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

source : Nyi Nyi Maung