လတ်တလော လူမှုကွန်ရက်စာမျက်နှာမှာ သုသုရဲ့ ဟာသဗီဒီယိုလေးတွေ ရေပန်းစားခဲ့ပါတယ်။ သုသုဆိုတာ နိုင်ငံကျော် မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း)ပဲ ဖြစ်ပါတယ်။ သုသုရဲ့ ဗီဒီယိုအပိုင်းအစလေးတွေကို ကြည့်ရှုသူများပြီး ပရိသတ်တွေကလည်း သုသုကို ပိုချစ်သွားကြပါတယ်။ သုသုကလည်း ပရိသတ်တွေချစ်လာအောင် သူကိုယ်တိုင် ဟာသဗီဒီယိုလုပ်ပြီး တင်လေ့ရှိတဲ့သူပါ။

သုသုကတော့ ငွေကြေးတွေထက် မေတ္တာကပိုအရေးကြီးကြောင်းနဲ့ ၊ မေတ္တာတရားမရှိရင် စိတ်မချမ်းသာရဘူးဆိုတဲ့ အကြောင်းတွေကို ဖွင့်ပြောလိုက်ပါတယ်။ “လောက မှာ ငွေက အရေးကြီးတယ် ဒုတိယ ဘုရားသခင်ဆိုပေမယ့် မေတ္တာ တရားမရှိရင် ဘယ်လောက်ပဲ ချမ်းသာချမ်းသာ စိတ်မချမ်းသာရပါဘူး … “လို့ ပြောပါတယ်။

ဆက်လက်ပြီး “သုသု ကတော့ ခင်ရာဆွေမျိုး မြိန်ရာထမင်းဝိုင်း-စကားပုံလေး အတိုင်းပါပဲ… သုသုက ငွေထက် မေတ္တာတရားပဲ လိုချင်ပါတယ်… ငွေကြောင့်လဲ မည်သူတဦးတယောက်မှ အသုံးမချဖူးပါဘူး Love you all ” ဆိုပြီးရေးထားတာပဲဖြစ်တယ်။ သုသုက သာယာတဲ့အချစ်ရေးဘ၀ကို ပိုင်ဆိုင်ထားရသူဖြစ်ပြီး ချစ်သူကလည်း ဒီဇိုင်နာတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။

source : NyiNyi Maung’s fb