မင်းသား ညိမ်းသော်ကတော့ “ည” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မိန်းကလေးပရိသတ် အခိုင်အမာ ရရှိထားသူပဲဖြစ်ပါတယ်။ ညိမ်းသော်က ဓါတ်ပုံအမိုက်စားတွေရိုက်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှု၊ အားပေးမှုတွေကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ ညိမ်းသော်က ကုသိုလ်ကောင်းမှုတွေ လုပ်နေပါတယ်။ အနန္တဇိနစေတီတော်ရဲ့ ထီးတော်တင်လှူပွဲမှာ ပါဝင်လှူဒါန်းပြီး ကုသိုလ်တွေလုပ်နေခဲ့တာ တွေ့ရပါတယ်။ ဒီအလှူနဲ့ပတ်သက်ပြီး သူရဲ့အကောင့်မှာ “အနန္တဇိန စေတီတော် ထီးတော်တင်လှူပွဲ” ဆိုတဲ့ စာနဲ့အတူ ကုသိုလ်ပြုနေတဲ့ပုံတွေကို တင်ထားခဲ့ပါတယ်။

source : Nyein Thaw