နိုင်ငံကျော်အဆိုတော် နီနီခင်ဇော် (ခေါ်) နီနီကတော့ ပရိသတ်ရှေ့ကို တစ်ကျော့ပြန် ရောက်လာတော့မှာပဲဖြစ်ပါတယ်။ နီနီရဲ့ တစ်ကိုယ်တော် REDvolution Show ပွဲကြီးကို (၂၀၁၈)ခုနှစ် ၊ ဧပြီ (၇)ရက်နေ့၊ အမျိုးသားကဇာတ်ရုံမှာ ဖော်ျဖြေသွားဦးမှာပဲ ဖြစ်ပါတယ်။ နီနီက အချစ်သီချင်း၊ အလွမ်းသီချင်း၊ အမြူးသီချင်းတို့ကို အသံအားကောင်းကောင်းနဲ့ သီဆိုနိုင်သူလည်းဖြစ်လို့ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားသူဖြစ်ပါတယ်။

နီနီဟာ ဧပြီလမှာ တစ်ကိုယ်တော်ဖျော်ဖြေမယ့် REDvolution Show ပွဲကြီးကို အကောင်းဆုံး တင်ဆက်နိုင်အောင် အစွမ်းကုန်ကြိုးစားနေပါတယ်။ အခုဆိုရင်လည်း REDvolution Show ပွဲအတွက် လက်မှတ် ကြိုတင်ဝယ်ယူနိုင်ဖို့အတွက် တစ်ပတ်ပဲလိုတော့ကြောင်းကိုလည်း Page မှာ အခုလို တင်ထားတာတွေ့ရပါတယ်။ “အားလုံးပဲ မင်္ဂလာပါ … အမျိုးသားကဇာတ်ရုံမှာ ဖျော်ဖြေမယ့် နီနီရဲ့တစ်ကိုယ်တော် REDvolution Show ပွဲကြီးအတွက် Ready ပဲလားဟေ့…”လို့ ဖြစ်ပါတယ်။

ဆက်လက်ပြီး “အားလုံးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရအောင်လို့ သတင်းကောင်းလေးတစ်ခု ပါးချင်ပါတယ်… REDvolution Show ပွဲအတွက် Pre-order မှာဖို့ တစ်ပတ်ပဲလိုပါတော့တယ်.. ချစ်ပရိတ်သတ်တွေ စောင့်စားခဲ့ရတဲ့အချိန်ကာလတွေ ပြီးဆုံးခါနီးပါပြီ .. Ticket Pre order တင်ရန် အသေးစိတ်အချက်အလက်တွေကို REDvolution Show By Ni Ni Khin Zaw page မှာ ထပ်မံကြေညာပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး …” ဆိုပြီး ရေးသားထားပါတယ်။

ဧပြီလမှာ ကျင်းပမယ့် နီနီရဲ့တစ်ကိုယ်တော် REDvolution Show ပွဲကြီးရဲ့ အချိန်က ညနေ (၆)နာရီမှစမှာပါ။ နေရာကတော့ အမျိုးသားကဇာတ်ရုံ၊ ရက်က ဧပြီ (၇)ရက် (၂၀၁၈) မှာ ဖြစ်ပါတယ်။ နီနီ့ရဲ့ နောက်ထပ် အခမ်းနားဆုံးသော Show ကြီး အတွက် ရင်ခုန်နေကြပြီးလား ပရိသတ်ကြီးတို့ရေ။

source : Redvolution Show By Ni Ni Khin Zaw page