သရုပ်ဆောင် မင်းသမီးချောလေး ဆုအိမ့်စံကတော့ လတ်တလောမှာ ငွေဆောင်ကမ်းခြေကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ပင်လယ်ကြိုက်တဲ့ သူမကတော့ ပင်လယ်ကို ရောက်နေလို့ အရမ်းစိတ်ချမ်းသာနေပါတယ်ဆိုတဲ့ စာနဲ့အတူ ပုံတွေကိုလည်း မျှဝေထားပါသေးတယ်။ ဆုအိမ့်စံကို ချစ်တဲ့ပရိသတ်တွေအတွက် သူမရဲ့ ကမ်းခြေရောက်  အလန်းစား ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

နေရောင်အောက်ရဲ့ အလှနဲ့ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ့်ကောက်ကြောင်းတွေကတော့ အရမ်းကို လိုက်ဖက်လွန်းပါတယ်။ ဆုအိမ့်စံတစ်ယောက်ကတော့ ငွေဆောင်ကမ်းခြေမှာ အပန်းလည်းဖြေရင်း ၊ ဓာတ်လည်းဖမ်းရင်းနဲ့ လှနေတော့တာပါပဲ။

သူမရဲ့ အလှကတော့ ကမ်းခြေရဲ့နေရောင်အောက်မှာ လှသွေးကြွယ်နေပြီး ပရိသတ်တွေရဲ့အာရုံကိုပါ ဖမ်းစားနိုင်လွန်းပါတယ်။ ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနေတဲ့ သူမရဲ့အလှပုံရိပ်လေးတွေကို ရှုစားကြည့်ကြပါအုံးနော်။

source : Hsu Eaint San ‘s fb