မြန်မာ့ပရိသတ်တွေရဲ့ အသည်းကျော် ဗီယက်နမ်အလှမယ်ဖြစ်တဲ့ ငုရင်ထရန်ဟုရန်မေ တစ်ယောက်ကတော့ မြန်မာပြည်ရဲ့ နာမည်ကြီး သရုပ်ဆောင် မင်းသားချော နေတိုးနဲ့အတူ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားက ပထမဆုံး မြန်မာနဲ့ဗီယက်နမ်တို့ တွဲဖက်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

ဗီယက်နမ်အလှမယ် ငုရင်ထရန်ဟုရန်မေဟာ (၂၀၁၇)ခုနှစ်က ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Grand International ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူလည်းဖြစ်ပြီး၊ အဲဒီနောက်မှာ တဟုန်ထိုး အောင်မြင်ခဲ့သူပါ။

ရိုက်ကူးခဲ့တဲ့ဇာတ်ကားအမည်မှာ “တိမ်တိုက်တံတား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး၊ မင်းသားအဖြစ် အကယ်ဒမီ နေတိုး ၊ မင်းသမီး ခင်ဝင့်ဝါတို့နဲ့ အတူ ငုယင်ထရမ်မေတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဆိုပါ ဇာတ်ကားမှာ (၂၀၁၇) မှာ ရိုက်ကူးပြီးစီးခဲ့ပါတယ်။

 

သူမက ဒီဇာတ်ကားမရိုက်ကူးခင်မှာ မြန်မာဘက်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ မြန်မာပြည်ကို လာရောက်ခဲ့ပါသေးတယ်။ ထိုစဉ်ကလည်း ပရိသတ်အားပေးအမှု အပြည့်အဝ ရခဲ့ပါတယ်။ သူမရဲ့ အလှကြောင့် ဗီယက်နမ်ပရိသတ်တွေသာမက  မြန်မာပရိသတ်တွေကြားမှာ ရေပန်းစားနခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်သူချစ်သရုပ်ဆောင်တွေနဲ့ ငုရင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ တိမ်တိုက်တံတား ဇာတ်ကားကို စောင့်မျှော်ကြည့်ရှုပေးနိုင်ဖို့ သတင်းကောင်းလေးလည်း ဒီကနေ မျှဝေပေးလိုက်ပါတယ်။ ထို့အတူပဲ ဗီယက်နမ် အလှမယ် ငုရင်ထရန်ဟုရန်မေရဲ့ ကြွေဆင်းလောက်တဲ့ အလှပုံရိပ်လေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်။

source : Nguyen Tran Huyen My’s fb