မြန်မာနိုင်ငံရဲ့ နာမည်ကော်ျ မိတ်ကပ်ပညာရှင်ဖြစ်တဲ့ မေဦးကတော့ ဖေဖော်ဝါရီလ (၁၉)ရက်နေ့ကတည်းက ငပလီကမ်းခြေကို ချစ်သူဟန်လင်းနဲ့အတူ အပန်းဖြေထွက်နေတယ်လို့ သိရပါတယ်။ သူတို့ချစ်သူနှစ်ယောက်က ပရိသတ်တွေ အားကျကြတဲ့ ချစ်သူစုံတွဲပဲဖြစ်ပြီး ချစ်သူသက်တမ်း (၁)နှစ်(၆)လပြည့်သည်အထိ ချစ်သူဘ၀ကို တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး ဖြတ်သန်းနေကြပါတယ်။

အားလပ်ရက်မှာ ချစ်သူနဲ့အတူ ခရီးထွက်နေခဲ့ရလို့ ပျော်နေတဲ့မေဦးကို ကြည့်ပြီး ပရိသတ်တွေဆီလည်း အပျော်တွေကူးစက်နေခဲ့ပါတယ်။ ငပလီကမ်းခြေကနေတစ်ဆင့် ဆင်စခန်းကိုပါ သွားရောက်ခဲ့တဲ့ပုံရိပ်တွေကို သူရဲ့ဖေ့ဘွတ်အကောင့်မှာ မျှဝေပေးထားတာတွေ့ရပါတယ်။

ဒါ့အပြင် သူတို့နှစ်ယောက် သွားဖြစ်ခဲ့တဲ့ ဆင်စခန်း အတွေ့အကြုံလေးကို share ပြီး “ကျွန်တော်တို့ နှစ်ယောက်ကတော့ ညနေဘက်မှာ Sunset လေးကြည့်ပြီး ညနေစာစားဖို့ Booking လုပ်ထားတာလေး ရှိလို့ နှစ်ယောက်ထဲစောပြန်ခဲ့တော့ trip လေးကို အဆုံးထိ မဆင်နွှဲု လိုက်ရဘူး ……..အားလပ်ရက်မှာ ပေါ့ပါးလန်းဆန်းစွာ နဲ့ day trip လေးတစ်ခု သွားခဲ့ရလို့ ကြေနပ်မိပါတယ်” လို့ ဆိုခဲ့ပါသေးတယ်။

source : May Oo