ဖေစ်ဘုတ်ဆယ်လီတစ်ယောက်ဖြစ်တဲ့ ဖြူဖြူထွေးကတော့ ဖေစ်ဘုတ်ပေါ်မှာ ထူးခြားတဲ့ ကကွက်တွေ ၊ အကဗီဒီယိုဖိုင်တွေနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားလာသူပဲ ဖြစ်ပါတယ်။ သူမကတော့ အခုဆိုရင် ဖေစ်ဘုတ်ဆယ်လီကနေ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ကားကြီးကို လက်ရှိမှာ  ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)က ရိုက်ကူးပုံဖော်နေခဲ့တာဖြစ်ပြီး ပြေတီဦး၊ ခိုင်သင်းကြည်၊ မနော၊ သင်ဇာဝင့်ကျော်နဲ့ အခြားနာမည်ကျော် အနုပညာရှင်တို့လည်း ပါဝင်ရိုက်ကူးနေခဲ့ပါတယ်။

သူမကတော့ မိဘကို ရိုးရိုးသားသားလုပ်ကိုင် ရှာကျွေးနေတဲ့ အနုပညာရှင်ထဲက တစ်ယောက်ဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေကိုလည်း မနားတမ်းလုပ်နေသလို သီချင်းဗီဒီယိုတွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။ အခုမှာလည်း ကိုရီးယားကျောင်းသူပုံစံ ၀တ်စုံနဲ့ ချစ်စရာကောင်းနေပြန်တာတွေ့ရပါတယ်။ သူမက ဓာတ်ပုံတွေကို အခုလိုပဲ အချိန်ရရင်ရသလို ရိုက်ကူးနေခဲ့တာပဲဖြစ်ပါတယ်။

ဖြူဖြူထွေးကို ချစ်တဲ့ပရိသတ်ကြီးအတွက် သူမရဲ့ချစ်စရာအပြုံးလေးနဲ့ အပြစ်ကင်းနေတဲ့ ပုံရိပ်လေးကိုမျှဝေပေးလိုက်ပါတယ်။

source : Phyu Phyu Htwe