မင်းသားနေတိုးက တော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ထိပ်တန်း မင်းသားတစ်လက်ပါ။နေတိုးက တော့ အနုပညာ နဲ့ ပတ်သက်လာရင် ဘက်စုံကို တော်တဲ့ လူ တစ်ယောက် ပရိသတ် အသိအမှတ်ပြု ခံထားရသူပါ။ သရုပ်ဆော င်၊သီချင်းဆို၊ပန်းချီဆွဲ..  တဲ့ နေရာတွေမှာ အကုန် တော်ပါတယ်။ပုံမှန် ဆိုရင် ခပ်အေးအေး ပဲ နေတတ် တဲ့ ပင်ကိုယ်သဘာဝ ရှိ ပေမယ့် လည်း နှင်းဆီ အငြိမ့် က ရင် လူရွှင်ေ တ်ာ တစ်ယောက် အဖြစ် နဲ့ ပရိသတ်တွေ ကို ဟာဒယ ရွှင် ဆေးတိုက်ကျွေးနိုင်သူပါ။အကယ်ဒမီမင်းသား နေတိုးရဲ့ ရုပ်ရှင်ဇာတ်ကား ကောင်း တွေ အများကြီး ထဲက မှ နေတိုး ပရိသတ်တွေ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကား နှစ်ကား နဲ့ မိတ်ဆက် ပေးချင်ပါတယ်။

Image:FB/Nay Toe

ပထမ ဇာတ်ကားက တော့ ဘယ်နှစ် ခေါက်ပဲ ပြန် ကြည့် ကြည့် လုံးဝ မရိုးတဲ့ “တာတေကြီး.” ဆိုတဲ့ ရုပ်ရှင်ကားပါ။၂၀၁၇ မှာ နေတိုး အကယ်ဒမီ ရခဲ့တဲ့ ဇာတ်ကားပါ။နေတိုးရဲ့ သရုပ်ဆောင်ပညာ ကို မြင် တွေ့ ခွင့် ရတဲ့ ဇာတ်ကားလေးပါ။ Kanchana ဆိုတဲ့ အိန္ဒိယ ဇာတ်ကားကို မြန်မာ ဗားရှင်းနဲ့ ပြန်ရိုက်ထားတာပါ။ဒါရိုက်တာ ၀ိုင်းက ပုံဖော်ရိုက်ကူးပြီး နေတိုး၊ရွှေသမီး၊ဇော်ဦး၊လူမုန်း၊အောင်မိုး၊ကိုကိုဦး.. အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။နေတိုးက တော့ ဒီဇာတ်ကားမှာ တာတေ ဆိုတဲ့ ဂေး တစ်ယောက် နေရာ ကနေ ပါဝင်ထားပါတယ်။ကြောက်စရာ ကောင်းတဲ့ ဇာတ်ဝင် ခန်း တွေ၊သနားစရာ ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ နဲ့ ကြည့်တဲ့ ပရိသတ်တွေ ကို မတူညီတဲ့ ခံစားချက် ပေါင်း စုံကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။

နောက်ထပ်ညွှန်းပေးချင်တဲ့ ဇာတ်ကားက တော့ “ လရောင် ဖြာတဲ့ အင်းလေးမှာ” ဆိုတဲ့ ဇာတ်ကားပါ။ဒီဇာတ်ကားလေးက တော့ အင်းလေး ရဲ့ အလှ အပ တွေကို ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးပါ။ဒီဇာတ်ကားကိုတော့ နေတိုး၊၀တ်မှုံရွှေရည်၊၀ါဇင်. တို့က အဓိက ပါဝင် သရုပ်ဆောင် ထား ပါတယ်။ဒါရိုက်တာ က တော့ ညွှန့်မြန်မာ ညီညီအောင်ပါ။မထင်မှတ်ထားတဲ့ တွေ့ဆုံမှု က နေ ဖြစ်ပေါ်လာတဲ့ အင်းသူလေးရဲ့ အချစ်ဇာတ်ကားလေး ပါ။အင်းလေးရဲ့ အလှအပ တွေကိုလည်း တ၀ကြီး ခံစားလို့ ရမယ့် အပြင် နေတိုးနဲ့ ၀တ်မှုံရွှေရည် တို့ရဲ့ အမိုက်စား သရုပ်ဆောင်ချက်တွေကိုပါ ခံစားနိုင်မှာပါ။

 

“တာတေကြီး “ နဲ့ “လရောင်ဖြာတဲ့ အင်းလေးမှာ..”  ရုပ်ရှင် ဇာတ်ကားကောင်းကြီးတွေကိုတော့ Viu Myanmar App ကို Download လုပ်ပြီး ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင် Viu Premium အထူးကြည့်ရှုခွင့်ကို လစဉ်ကြေးပေးစရာ မလိုဘဲ ကြည့်ရှုနိုင်မှာပါ။ အာရှတစ်ခွင်က မျိုးစုံသော ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်တွေကို မြန်မာစာတန်းထိုးနဲ့ Viu မှာ ကြည့်ရှုနိုင်ပါပြီ။ ဒါကြောင့် Viu App ကို  ဒီနေရာမှာ Download ရယူလိုက်ပါ။

#CELENOW