အကယ်ဒမီမင်းသားနေတိုးကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းနာမည်ကြီး မင်းသားတစ်လက်ပါ။ အနေအရမ်းအေးပြီး နာမည်ပျက်မရှိတဲ့ မင်းသားတစ်ယောက်ပါ။ ကျရာဇာတ်ရုပ်တိုင်းမှာ ပီပြင်စွာသရုပ်ဆောင်တက်လွန်းလို့ ပရိသတ်အားပေးမှုကို တခဲနက် ရရှိထားသူပါ။

နေတိုးဟာ ပြီးခဲ့တဲ့ရက်တွေက ဂန့်ဂေါမှာ “မုန်းစွဲ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို သွားရောက်ရိုက်ကူးခဲ့ပါတယ်။ မုန်းစွဲ ရိုက်နေတဲ့ ဂန့်ဂေါမြို့အနီးက ရေမျက်နီဆိုတဲ့ ကျေးရွာစာသင်ကျောင်းက ကလေးတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ကျောင်းအုပ်ဆရာမကြီးရဲ့ မေတ္တာရပ်ခံမှုကြောင့် သွားရောက်တွေ့ဆုံပေးခဲ့တာလို့ သိရပါတယ်။

 

နေတိုးဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းကလည်း ရခိုင်ကနေ ရန်ကုန်ကိုလာပြီး ရန်ကင်းကလေးဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကောင်းထက်နိုင်က သူ့ကိုတွေ့ချင်တယ်ဆိုလို့ ကလေးငယ်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ သွားရောက် တွေ့ဆုံပေးခဲ့ပါသေးတယ်။ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ကတော့ နေတိုးရဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရုံတင်ပြသနေပါတယ်။ “ပက်ပက်စက်စက်ညှို့”၊ “တာတေကြီး” တို့ကို ရုံတင်ပြသနေပါတယ်။ ဒီဇင်ဘာလထဲမှာ နေတိုး ရဲ့”ထာဝရအမေ” ဆိုတဲ့ ဇာတ်ကားရုံတင်ပြသဖို့ရှိနေပါသေးတယ်။

FROM နေတိုးရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။