အကယ်ဒမီမင်းသား နေတိုးကတော့ ကျန်းမာရေးမကောင်းတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ အဲဒီကလေးငယ်ရဲ့ နာမည်ကတော့ ကောင်းထက်နိုင် ဖြစ်ပါတယ်။  သူဟာ ဆေးကုသဖို့အတွက် ရခိုင်ကနေ ရန်ကုန်ကို ရောက်နေသူပါ။

မင်းသားနေတိုးကို အပြင်မှာတွေ့ဖို့ ဆန္ဒရှိနေတဲ့ အဲဒီကလေးငယ် ဆေးကုသမှုခံယူနေတဲ့ ရန်ကင်း ကလေးဆေးရုံကို နေတိုးကသွားရောက်ခဲ့ပါတယ်။ ကလေးငယ်နဲ့ တရင်းတနှီးတွေ့ဆုံခဲ့သလို သူ အကယ်ဒမီဆုရခဲ့တဲ့ “နက္ခတ်မှားတဲ့တိုက်ပွဲ” က အင်္ကျီကို လက်ဆောင်ပေးခဲ့ပါတယ်။ နေတိုးက သူ့ရဲ့ fb ပေါ်မှာ …”ကျွန်တော် နဲ့ ကောင်းထက်နိုင် ပရိသတ်များအတွက် ထာဝရ….နေတိုး..” ဆိုပြီး တင်ထားပါတယ်။

အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ နေတိုးဟာ “မုန်းစွဲ ” ရုပ်ရှင်ကားကို ရိုက်ကူးနေပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ “ပက်ပက်စက်စက်ညှို့” ဇာတ်ကားကို  နိုဝင်ဘာလ (၁၇) ရက်နေ့၊ “တာတေကြီး” ကိုတော့ နိုဝင်ဘာ(၂၄) ကစပြီး ရုံတင်ပြသသွားမှာပါ။

နေတိုးရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။