မြန်မာ့ပရိသတ်တွေရဲ့ အသဲစွဲ ထိပ်တန်းမင်းသားချော နေတိုးကို အနုပညာရှင်တိုင်းကပါ လေးစားချစ်ခင်ပြီး ပရိသတ်တွေကပါ တစ်ခဲနက် ချစ်ခင်အားပေးကြပါတယ်။ နေတိုးက အနုပညာလောကထဲကို ၀င်ရောက်စလူငယ်တွေကို အမြဲလက်တွဲခေါ်လေ့ရှိသူဖြစ်ပြီး အခုတော့ ပရိသတ်တွေကို သတင်းကောင်းတစ်ခု ပါးလိုက်ပါတယ်။

သတင်းကောင်းကတော့ Myanmar Idol ပြိုင်ပွဲရဲ့ Winner ဆုရှင်ဖြစ်တဲ့ သားငယ်ရဲ့အခွေသစ်ကို “နားထောင်နေပြီ ဖြစ်ပါကြောင်း သားငယ်နဲ့ပရိသတ်များသို့ … ထာဝရ နေတိုး” ဆိုတဲ့စာနဲ့အတူ ၊ သားငယ်ရဲ့အခွေသစ်နဲ့ပါ တွဲရိုက်ထားတဲ့ ပုံကိုတင်ထားတာပဲဖြစ်ပါတယ်။ နေတိုးက သားငယ်ရဲ့ပြိုင်ပွဲကို သွားရောက်အားပေးခဲ့တဲ့အထိ သားငယ်ရဲ့ အမာခံပရိသတ် ဖြစ်လာခဲ့ပါတယ်။

နေတိုးဟာ ပြောင်မြောက်ပီပြင်တဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် အကယ်ဒမီဆုရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ အံ့သြလောက်အောင် ချီကျူးစရာကောင်းတဲ့ ၀ါရင့်သရုပ်ဆောင်တစ်ယောက်အဖြစ် အခုအချိန်ထိ ရပ်တည်နေခဲ့သူပဲဖြစ်ပါတယ်။

source : Nay Toe