Beauty Blogger နေခြည်ဦးကတော့ သူမရဲ့ ကိုယ်တွေ့ အတွေ့အကြုံ Fillers တွေ အကြော င်း ပုံတွေ၊ဗီဒီယိုဖိုင်နဲ့တကွဝေမျှပေးလိုက်ပါတယ်။Fillers တွေနဲ့ပတ်သက်ပြီး သိပ်မသိကြသေးတဲ့ သူတွေအဖို့ သူမရေးတင်လိုက်တဲ့စာ၊ပုံနဲ့ဗီဒီယိုဖိုင်တွေကြောင့် ပြည့်ပြည့်စုံစုံသိရှိနားလည် သွားခဲ့ပါတယ်။

စာ၊ဓါတ်ပုံတွေအပြင် နေခြည်ဦးက သူ့ရဲ့ FB မှာ live လွှင့်ပြီးတော့ပါ သေချာရှင်းပြထားပါတယ်။ “FILLER ဆိုတာဘာလဲ”၊FILLER ကိုဘာလို့ထိုးကြတာလဲ ၊FILLER ကိုဘယ်အရွယ်မှာ စထိုးလို့ရပါသလဲ ၊ FILLER သွားထိုးမယ်ဆို ဘာတွေသိရမလဲ၊ဘယ်လbrand က ပိုသင့်ေ တ်ာမလဲ၊Filler ကိုဘယ်အချိန်မှာ ထိုးရမလဲ ၊?Fillerထိုးရင် နာလား?၊Filler ထိုးပြီးရင် ဘယ်လိုဖြစ်မလဲ..အစရှိတဲ့ အကြောင်းအရာတွေကို သေချာအသေးစိတ်ဖော်ပြထားတာပါ။

“FILLER ကိုဘာလို့ထိုးကြတာလဲ ”
အသက်အရွယ် အိုမင်းရင့်ရော်လာတာနဲ့အမျှ
ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေဓာတ်တွေ ဆုံးရှုံးရတယ်။
ဒီလို ရေဓာတ်တွေ ဆုံးရှုံးလာတယ်၊
Collagen ထုတ်မှုတွေ လျော့နည်းလာတဲ့အချိန်မှာ၊
ကိုယ့်ရဲ့ မျက်နှာ အသားအရေကငယ်ရွယ်စဉ်တုန်းကလို
တင်းတင်းရင်းရင်းနဲ့ ပြည့်ပြည့်ဖောင်းဖောင်းလေး
မဟုတ်တော့ပဲနဲ့ ရေဓာတ်ဆုံးရှုံးမှုကြောင့်
အသားအရေတွေ ကျုံ့လာတာတွေ၊
အသားလျော့တွဲလာတာတွေ ဖြစ်တတ်ပါတယ်။
ဒီလိုမျိုးလျော့တွဲလာတတ်တဲ့နေရာတွေ
(ဥပမာအားဖြင့် ပါး၊ မေးစေ့၊ နားထင်လိုနေရာတွေ၊ မျက်လုံးအောက်နေရာတွေ) စတာတွေကို
Hyaluronic acid နဲ့ အဓိကထားလုပ်ထားတဲ့
Filler ပစ္စည်းတွေကို အရေပြားကိုငယ်ရွယ်နုပျိုစဉ်ကလို ပြန်လည်ပြည့်တင်းလာဖို့သုံးလာကြပါတယ်။

အဲ့တော့ ဒီ Filler ကိုအသက်ကြီးမှ
အသက် ၄၀ လောက်မှ သုံးရမှာလားဆိုတော့
မဟုတ်ပါဘူး။
ကိုယ်က နုပျိုစဉ်မှာ ကိုယ့်ရဲ့ မျက်နှာ အသားအရေမှာ ပြည့်ပြည့်တင်းတင်းမဖြစ်တာမျိုး ၊
ချိုင့်ခွက်လို ဖြစ်နေတဲ့ နေရာမျိုးတွေ ၊
တစ်ဖက်နဲ့တစ်ဖက်
မျက်နှာ အသားအရေ မညီတာတွေ
Most Common အဖြစ်ဆုံးကတော့
ကိုယ်ကြိုက်တဲ့ cele တွေလို နှုတ်ခမ်းကြီးချင်တာ
နှာခေါင်းကြီးချင်တာ မေးစေ့ကြီးချင်တာ အစရှိသဖြင့်
volume ပိုကြီးချင်တဲ့ နေရာတွေကိုလည်း
ဒီလိုFiller ထိုးပေးလို့ရပါတယ်” ဒါကတော့ နေခြည်တင်ထားတဲ့ အချက်တွေအများကြီးထဲက တစ်ချက်ပါ။

အပြည့်အစုံကိုတော့ နေခြည်ဦးရဲ့ beautybynaychi Page မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။

Posted by beautybynaychi on Wednesday, December 6, 2017

အခုနောက်ပိုင်းမှာတော့ Fillers ဟာ အလှအပ Trends တစ်ခုလိုဖြစ်လာခဲ့ပါပြီ။ကမ္ဘာကျော် ဆယ်လီတွေအနက် Kylie Jenner ဆိုရင်လည်း Fillers အသုံးပြုထားပါတယ်။

FROM beautybynaychi

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။