မိန်းကလေးတွေရဲ့ အသဲကျော် Beauty Blogger နေခြည်ဦးကတော့ အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေရရှိခဲ့ပြီး သူမကိုချစ်တဲ့ မိန်းကလေးပရိသတ်တွေလည်း အများကြီးရှိလို့နေပါတယ်။ လတ်တလောမှာ နေခြည်ဦးရဲ့ချစ်သူကောင်လေးဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲ့သတင်းနဲ့ ပတ်သက်ပြီးတော့ နေခြည်က ရှင်းပြထားတာတွေ မရှိခဲ့သေးပါဘူး။

ဒီကနေ့ကျရောက်တဲ့ ချစ်သူများနေ့မှာတော့ နေခြည်ကို နှင်းဆီပန်း အပွင့် (၁၂၀၀) ပေးတဲ့သူ ရှိနေခဲ့ပါတယ်။ စောစောက ထွက်နေတဲ့သတင်းတွေနဲ့ အခု ချစ်သူများနေ့မှာရတဲ့ နှင်းဆီပန်းတွေနဲ့ ဆက်စပ်မှုရှိပြီလားဆိုတာ ပရိသတ်တွေက စိတ်ဝင်တစား ဖြစ်နေခဲ့ကြပါတယ်။ နေခြည်က သူမရဲ့ Facebook မှာလည်း “ဟိုတယ်အောက် အရောက် Happy Valentine’s Day ပါ #1200roses #whiterose #valentinesday” လို့ရေးထားတာတွေ့ရပါတယ်။ 

နေခြည်ကို နှင်းဆီပန်းအပွင့် (၁၂၀၀)ပေးတဲ့သူ ဘယ်သူလဲ၊ တကယ်ပဲ ချစ်သူရှိနေတာလားဆိုတာ ပရိသတ်တွေက စိတ်ဝင်စားနေကြတဲ့အပြင် သူမအတွက်လည်း ၀မ်းသာပျော်ရွှင်နေခဲ့ကြပါတယ်။ နေခြည်ကတော့ Beauty Blogger ဘက်မှာလည်း မိန်းကလေးပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်သလို သူမရဲ့ချစ်စရာကောင်းတဲ့ စကားပြောဟန်လေးကလည်း ဆွဲဆောင်နိုင်ပါတယ်။ နေခြည်ချစ်တဲ့ပရိသတ်တွေကတော့ အခိုင်အမာရှိနေခဲ့ကြပါတယ်။

source : Nay Chi Oo