နိုင်ငံကျော် Beauty Blogger တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးဟာ မိတ်ကပ်ပြိုင်ပွဲမှာ ပြုလုပ်မိခဲ့တဲ့ အမှားနဲ့ ပတ်သက်လို့ ဝေဖန်ခံခဲ့ရပြီးနောက် လတ်တလောမှာလည်း တခြားကိစ္စတွေကြောင့် ဝေဖန်ခံနေရပါသေးတယ်။ မိတ်ကပ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အပေါ် ရယ်ခဲ့မိလို့ တောင်းပန်လိုက်တဲ့ နေခြည်ဦးဟာ Maybelline Newyork နဲ့အတူ Gigi Hadid နဲ့တွေ့ဆုံဖို့အတွက် ဂျပန်ကို လိုက်ပါသွားရမှာ ဖြစ်ပါတယ်။

အခုမှာတော့နေခြည်ဟာ ” မြန်မာမှာ Gigi Hadid ကိုသိတဲ့လူဆိုတာ လက်ချိုးရေလို့ရတယ်” ဆိုပြီး အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ သူမ ဒီလိုပြောလိုက်တဲ့အပေါ် သူမရဲ့ ပို့စ်တိုင်း၊ တင်ခဲ့တဲ့ ပို့စ်တွေတိုင်းရဲ့အောက်မှာ ရိုင်းစိုင်းတဲ့စကားတွေနဲ့ တိုက်ခိုက်ခံနေရတာတွေ ပိုပြီးများလာခဲ့ပါတယ်။

ဒီလို Cyber Bullying လုပ်ခံနေရတဲ့ နေခြည်ဦးတစ်ယောက်ကတော့ သူမရဲ့ လက်ရေးနဲ့ရေးထားတဲ့ရင်ဖွင့်စာကို Facebook page မှာ တင်ခဲ့ပါသေးတယ်။

Cyber Bullying ဆိုတာ ဆိုရှယ်မီဒီယာပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်းစကားလုံးတွေ၊ ချိုးနှိမ်မှုတွေ စတာတွေနဲ့ တစ်ဖက်သား စိတ်ဓာတ်ကျဆင်းအောင် လုပ်နိုင်တဲ့အထိ တိုက်ခိုက်ခံရခြင်းကိုခေါ်ပါတယ်။ နေခြည်ဦးကတော့ လောလောဆယ်မှာ သူမရဲ့အကောင့်ကို Deactivate လုပ်ထားပေမယ့် သူမကို ချစ်တဲ့ ပရိသတ်တွေအတွက် Instagram ရဲ့ “Beautybynaychi” မှာတော့ ရှိနေမှာလို့ သိရပါတယ်။

ဒါအပြင် Facebook ရဲ့ Beautybynaychi page မှာလည်း Blog တွေ ဆက်ရေးနေမှာပဲဖြစ်ပါတယ်။ သူမအတွက် စိတ်ပူနေကြတဲ့ Chillies တွေအတွက်လည်း ” စိတ်သစ်၊ လူသစ်၊ အင်အားသစ်တွေကိုယူပြီး နေခြည်ပြန်လာမှာပါ အရမ်းချစ်တယ်” ဆိုပြီး ပြောထားခဲ့ပါသေးတယ်။

source : all about chichi