မိန်းကလေးပရိသတ်တွေအသည်းကျော် Beauty Blogger နေခြည့်ဦးရဲ့ မွေးနေ့ကတော့ ဇန်န၀ါရီလ (၂၅)ရက်နေ့ ဖြစ်ပါတယ်။ လတ်တလောမှာ နေခြည်တစ်ယောက် ဝေဖန်ခံနေရလို့ အကောင့်ကို Deactivate လုပ်ထားခဲ့ရာကနေ အကောင့်ပြန်လည်း အသုံးပြုနေတာကို တွေ့ရပါတယ်။

အခုမှာတော့ နေခြည်က သူမရဲ့မွေးနေ့မှာ ဂျပန်ကိုရောက်ရှိနေမှာပဲဖြစ်လို့ မွေးနေ့အကြိုအဖြစ် အလှူအတန်းတွေ ပြုလုပ်ခဲ့ပါတယ်။

နေခြည်က သူမရဲ့ မွေးနေ့အကြိုအလှူလေးကိုတော့ သစ်တံခါးဆရာတော်ဆီမှာ (၇)ရက်သားသမီးတွေ အမှူးထားပြီး၊ နေ့ဆွမ်းနဲ့ လှူဖွယ်ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ အလှူလုပ်နေတဲ့ နေခြည့်မျက်နှာလေးကတော့ ကြည်နူးစရာလေးပါ။ သူမကို တိုက်ခိုက်နေတဲ့သူတွေအပေါ်မှာလည်း ရန်ငြှိုးနဲ့တုန့်ပြန့်တာတွေလည်း မရှိခဲ့ပါဘူး။

source : Nay Chi Oo