Beauty Blogger နေခြည်ဦးတစ်ယောက် Ah Boy နဲ့ မြတ်ရတနာကျော်တို့ရဲ့ အင်းလေးမှာကျင်းပတဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲနဲ့ မင်္ဂလာညစာစားပွဲသို့ တက်ရောက်ခဲ့ပါတယ်။

နေခြည်ဦးအပြင် အနုပညာရှင်တွေ၊ ဆယ်လီတွေကလည်း အင်းလေးထိအရောက်သွားပြီး ပါဝင်အားဖြည့်ပေးခဲ့တာကို တွေ့ရပါတယ်။

အုပ်စုပုံတွေရိုက်တော့ စုံတွဲတွေ အလယ်မှာ တစ်ယောက်တည်း ဖြစ်နေတဲ့ပုံလေးကို နေခြည်ဦးက သူမရဲ့ FB မှာ စာလေးတွေပါထည့်ပြီး “ကျေနပ်ပါတယ်..” ဆိုပြီး တင်ထားပါတယ်။ ဘေးက ချစ်သူစုံတွဲတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ကြည်နူးနေချိန်မှာ နေခြည်ဦးက မင်္ဂလာပန်းခြင်းကိုကိုင်ပြီး ဘေးမှာ တစ်ယောက်တည်း ရှိနေခဲ့တာပါ။

FROM နေခြည်ဦးရဲ့ FB