မိန်းကလေး ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံကျော် Beauty Blogger တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ မိတ်ကပ်အစီအစဉ်ပြိုင်ပွဲကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်မှုမျိုးစုံကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်လည်း နေခြည်ဦးတစ်ယောက်က သူမကို ဒီလိုပြန်ဝေဖန်ခံနေရတာ ၀ဋ်လည်တာပါလို့ အင်တာဗျူးတစ်ခုမှာ ဖြေထားတာတွေ့ရပါတယ်။

နေခြည်ဦးက သူမကို ဝေဖန်နေတာတွေနဲ့ ပတ်သက်ပြီး တစ်ခြားသူကို ဒီလိုရယ်ခဲ့မိလို့လည်း ၀ဋ်ပြန်လည်တာ ဖြစ်တဲ့အကြောင်း၊ သူမကိုယ်တိုင်ကလည်း ရယ်ခဲ့မိလို့ တကယ်စိတ်မကောင်း ဖြစ်ခဲ့ရတဲ့အကြောင်း၊ ပွဲပြီးသွားတော့လည်း ရယ်ခဲ့မိတဲ့ ပြိုင်ပွဲဝင်ကောင်မလေးနဲ့ မော်ဒယ်ကိုပါ တောင်းပန်ခဲ့တဲ့အကြောင်းတွေကို အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး ” နေခြည်မှာ ဒိုင်အတွေ့အကြုံမရှိသေးတာကြောင့် မရင့်ကျက်တဲ့ ပုံစံဖြစ်သွားခဲ့တယ်။ နောက်ဆို ဒီလိုအမှားမျိုး ထပ်မရှိရအောင် ဆင်ခြင်တော့မှာပါ ။ ကိုယ်လုပ်လိုက်တဲ့ ကိစ္စတစ်ခုကြောင့် Makeup Artist အတွက်ရော မော်ဒယ်အတွက်ရော တော်တော်စိတ်မကောင်းဖြစ်မိပါတယ်၊ နေခြည် ဝေဖန်ခံရတာကလည်း ဒီလိုရယ်ခဲ့မိတဲ့အတွက် ပြန်ပီး ၀ဋ်လည်တယ်လို့ပဲ သတ်မှတ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဝေဖန်မှုတွေ ရှိနေခဲ့ပေမယ့် နေခြည်ရဲ့ ပရိသတ်တွေက နေခြည်ကို တိုက်ခိုက်တဲ့ ပိုစ်တွေအောက်မှာ အသဲပုံစံ emoji လေးတွေနဲ့ နေခြည်ဘက်မှာ မားမားမတ်မတ်ရပ်တည်ပေးနေခဲ့တာတွေကို  တွေ့ခဲ့ရပါတယ်။ အဓိပ္ပာယ်ကတော့ အမုန်းတွေကို မေတ္တာတရားနဲ့ အနိုင်ယူလိုက်ကြရအောင် ဆိုတဲ့အဓိပ္ပာယ်ပဲ ဖြစ်တယ်။

Edited : အပြစ်ပြောမယ် ဆဲမယ်ဆိုလည်း ကိုမာကလွဲလို့ အကုန်လုံးကိုပြောပါနော်။ ရှေ့ကလူတွေကို video မရိုက်ထားလိုက်ရလို့ပါ။ နေခြည်ဦးတစ်ယောက်တည်းကို ဝိုင်းပြောနေကြတော့ နေခြည့် fan တွေက နေခြည့်ကို လူမုန်းအောင်ကွက်တင်တယ်ပဲထင်နေကြလို့ပါ။ ကိုမာတစ်ယောက်တည်း မရယ်ဘဲ လိုအပ်ချက်ထောက်ပြသွားတာပါ။ပုံတွေ video တွေ ယူသုံးမယ်ဆို credit လေးတော့ ပေးပါ။ ဒီ post အောက်မှာ လာမန့်ထားကြတဲ့ make up look ပုံတွေယူသုံးတာကအစ ရှာထားသူကို respect ပေးတဲ့အနေနဲ့ credit ပေးပေးပါ။ source ကို ကိုယ်တိုင်ရှာထားတာမဟုတ်ရင် credit လေးတော့ respect ထားပြီး ပေးပေးကြပါ။

Posted by Ei Phyu Sin on Friday, January 12, 2018

source : Myanmar Celebrity